DFAK / ခေါင်းစဉ်များ / သံသယဖြစ်စရာ မက်ဆေ့ချ်ကိုရရှိခဲ့သည်

အချို့ဖိုင်များကို သင်၏စက်ထဲတွင် ‌ဒေါင်းလုပ်လုပ်လိုက်ပါက သင်၏စက်ပစ္စည်းသည်အန္တရာယ်ရှိနိုင်သည်!

ကျေးဇူးပြု၍ အောက်ဖော်ပြပါအဖွဲ့အစည်းများကိုဆက်သွယ်ပါ။ ထို့နောက် ကျေးဇူးပြု၍ သံသယဖြစ်ဖွယ်မက်ဆေ့ချ်အားမျှဝေပါ.

Access Now

Website: https://www.accessnow.org/help

Access Now ရဲ့ ဒစ်ဂျစ်တယ်ဘေးကင်းလုံခြုံရေး helpline သည် ကမ္ဘာတစ်ဝှမ်းရှိ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ အင်တာနက်ပေါ်တွင်လုံခြုံစေရန် ကြိုးပမ်းလျက်ရှိပါသည်။ လိုင်းပေါ်တွင် သင်အန္တရာယ်များကြုံတွေ့နေပါက သင်၏ဒစ်ဂျစ်တယ်ဘေးကင်းလုံခြုံရေးဆိုင်ရာ အလေ့အကျင့်တွေပိုမိုခိုင်မာတိုးတက်ရန်အတွက် ကျွန်ုပ်တို့ဘက်က ကူညီပေးနိုင်ပါသည်။ သို့မဟုတ် သင်သည်မျက်မှောက်တွင် ဒစ်ဂျစ်တယ်တိုက်ခိုက်ရေးများခံစားနေရပါက ကျွန်ုပ်တို့ဘက်က အမြန်ဆုံးအရေးပေါ်အထောက်အကူပေးနိုင်ပါသည်။

အချက်အလက်ချဲ့

Co-Creation Hub

Website: https://cchubnigeria.com/

CcHUB သည် စီးပွားရေးတိုးတက်မှုအတွက် လူမှုအရင်းအနှီးနှင့် နည်းပညာကို အရှိန်မြှင့်တင်ပေးနေသော တီထွင်ဆန်းသစ်မှုစင်တာတစ်ခု ဖြစ်ပါသည်။

အချက်အလက်ချဲ့

Digital Defenders Partnership

Website: https://www.digitaldefenders.org

Digital Defenders Partnership (DDP) အဖွဲ့သည် ဒီဂျစ်တယ်ခြိမ်းခြောက်မှုများ ခံယူနေရသော လူ့အခွင့်အရေး ကာကွယ်သူများကို ထောက်ပံ့မှုပေးပြီး ဒေသတွင်း မြန်ဆန်သော တုံ့ပြန်မှုကွန်ယက်များကို ပိုမိုခိုင်မာစေရန် အားဖြည့်ပေးပါသည်။ DDP သည် လူ့အခွင့်အရေး ကာကွယ်သူများ၊​ သတင်းထောက်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းရှိ တက်ကြွလှုပ်ရှားသူများ နှင့် ဘလော့ဂ်ဂါများ စသည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအတွက် အရေးပေါ်ထောက်ပံ့မှုများကို စီစဥ်ဆောင်ရွက်ပေးပါသည်။

DDP တွင် အရေးပေါ်ကိစ္စများကို ဖြေရှင်းရန်အတွက် ရန်ပုံငွေအမျိုးအစား ၅ ခု နှင့် အဖွဲ့အစည်းတစ်ခုအတွင်း စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ရေရှည်ထောက်ပံ့ကြေးများ ရှိပါသည်။ ထို့အပြင် ၎င်းတို့သည် အဖွဲ့အစည်းများအတွက် ဒီဂျစ်တယ်လုံခြုံရေး နှင့် ပုဂ္ဂိုလ်လုံခြုံရေးဆိုင်ရာ သီးသန့်သင်တန်းများ နှင့် Rapid Response Network (မြန်ဆန်သော တုန့်ပြန်မှုကွန်ယက်) အစီအစဥ်များပါဝင်သည့် Digital Integrity Fellowship ကို ဆောင်ရွက်ပေးပါသည်။

Digital Rights Foundation

Website: https://digitalrightsfoundation.pk/

ထောက်ပံ့ငွေနှင့် ရန်ပုံငွေလူပုဂ္ဂိုလ်ကိုယ်တိုင်သင်တန်းပေးခြင်းအဖွဲ့အစည်းဆိုင်ရာ လုံခြုံရေးWebsite HostingWebsite ကာကွယ်ခြင်း (Denial of Service ကာကွယ်ခြင်း)24/7 ဒစ်ဂျစ်တယ်အထောက်အကူနေရာပြောင်းခြင်းပစ္စည်းအစားထိုးခြိမ်းခြောက်မှုများနှင့်အန္တရာယ်များကိုအကဲဖြတ်ခြင်းဆက်သွယ်ရေးများကို လုံခြုံအောင်ပြုလုပ်ခြင်းကိရိယာလုံခြုံမှုအားနည်းချက်များနှင့် MalwareWeb Browsing လုံခြုံရေးအကောင့်လုံခြုံမှုလိုင်းပေါ်နှောက်ယှက်မှုလျှော့ချခြင်း (Doxxing, Trolling)မှုခင်းခွဲခြမ်းစိတ်ဖြာခြင်းဥပဒေအထောက်အကူတစ်ဦးချင်းစောင့်ရှောက်မှုတစ်ဦးချင်းစီအတွက်လူထုထောက်ခံအားပေးမှု (ဖမ်းဆီးခံရသူများ ၊ ထောင်ချခံရသူများ စသည့်)ဆင်စာကျော်ဖြတ်ခြင်း

Digital Rights Foundation (DRF) သည် ပါကစ္စတန်အခြေစိုက် သုတေသနအခြေပြု စည်းရုံးထောက်ပံ့ပေးပြီး မှတ်ပုံတင်ထားသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး DRF သည် လူ့အခွင်းအရေးများ၊ အားလုံးအကျုံးဝင်မှု၊ ဒီမိုကရေစီလုပ်စဥ်များ နှင့် ဒီဂျစ်တယ်အုပ်ချုပ်မှု တို့ကို ပံ့ပိုးပေးရန် သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာများ (ICT) ကို အာရုံစိုက်ပေးပါသည်။ DRF သည် အွန်လိုင်းပေါ်တွင် လွတ်လပ်စွာပြောဆိုနိုင်ခွင့်၊ ပုဂ္ဂိုလ်လုံခြုံရေး၊ ဒေတာကာကွယ်မှု နှင့် အမျိုးသမီးများအပေါ် အွန်လိုင်းအကြမ်းဖက်မှု တားဆီးခြင်း ဆိုင်ရာ ကိစ္စရပ်များတွင် အလုပ်လုပ်ဆောင်ပါသည်။

အချက်အလက်ချဲ့

Digital Security Lab Ukraine

Website: https://dslua.org/

Digital Security Lab Ukraine သည် ISC Project ၏ ToT အစီအစဥ်မှ ဘွဲ့ရခဲ့သူ ၄ ဦးမှ ၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့သော Kyiv အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်သည် အင်တာနက်ပေါ်တွင် လူ့အခွင့်အရေးများကို အကောင်အထည်ဖော်ရန် ဖြစ်ပါသည်။ မည်ကဲ့သို့ ဆောင်ရွက်မည်ဆိုသည်မှာ ၁) NGO များနှင့် လွပ်လပ်သော မီဒီယာများ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးပြီး ၎င်းတို့၏ ဒီဂျစ်တယ် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို ကာကွယ်ကိုင်တွယ်ဖြေရှင်းပေးခြင်း နှင့် ၂) ဒီဂျစ်တယ်အခွင့်အရေးကိစ္စရပ်များတွင် အစိုးရ နှင့် ကော်ပရိတ်မူဝါဒများသို့ သက်ရောက်မှုရှိစေခြင်း တို့ဖြစ်ပါသည်။

အချက်အလက်ချဲ့

Freedom of the Press Foundation

Website: https://freedom.press

Freedom of the Press Foundation (FPF) သည် ၂၁ ရာစုရှိ အများပြည်သူ အကျိုးစီးပွားသက်ရောက်သော သတင်းစာပညာကို ကာကွယ်စောင့်ရှောက်ပေးသော ၅၀၁(ဂ)၃ မှတ်ပုံတင်ထားသည့် အမြတ်မယူသော အဖွဲ့အစည်းဖြစ်ပါသည်။ FPF သည် မိမိကိုယ်တိုင်၊ မိမိ၏ ပစ္စည်းအရာများ နှင့် အဖွဲ့အစည်းများကို ပိုမိုကာကွယ်နိုင်ရန်အတွက် လုံခြုံရေးကိရိယာများ နှင့် နည်းစနစ်များကို မီဒီယာအဖွဲ့အစည်းအကြီးများ နှင့် လွပ်လပ်သော စာနယ်ဇင်းသမားများသို့ သင်ကြားပေးပါသည်။

အချက်အလက်ချဲ့

Front Line Defenders

Website: https://www.frontlinedefenders.org/emergency-contact

Front Line Defenders သည် အန္တရာယ်ကျရောက်နေသော လူ့အခွင့်အရေး ကာကွယ်သူများကို ဘက်ပေါင်းစုံ စောင့်ရှောက်မှုပေးသော အိုင်ယာလန်အခြေစိုက် နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ Front Line Defenders သည် အန္တရာယ်ချက်ချင်းကျရောက်နေသော လူ့အခွင့်အရေး ကာကွယ်သူများအား လုံခြုံရေးထောက်ပံ့ငွေများ၊ ရုပ်ပိုင်းဆိုင်ရာ နှင့် ဒီဂျစ်တယ် လုံခြုံရေးသင်တန်းများ၊ စည်းရုံးထောက်ပံ့မှုများ နှင့် စည်းရုံးလုပ်ဆောင်မှုများ မှတဆင့် လျင်မြန်ပြီး လက်တွေ့ကျသော အထောက်အပံ့များကို ပံ့ပိုးပေးပါသည်။

Front Line Defenders သည် လူ့အခွင့်အရေး ကာကွယ်သူများအတွက် အရေးပေါ်အထောက်အပံ့ပေးနိုင်ရန် အာရဗစ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှား သို့မဟုတ် စပိန် ဘာသာဖြင့် ၂၄/၇ ခေါ်ဆိုနိုင်သော ဖုန်းနံပါတ် ရှိပါသည်။ ဖုန်းနံပါတ်မှာ +353-121-00489 ဖြစ်ပါသည်။ လူ့အခွင့်အရေး ကာကွယ်သူများသည် ၎င်းတို့၏ ဘဝကို ချက်ချင်းခြိမ်းခြောက်ခံရသောအခါ Front Line Defenders သည် ယာယီအခြေချရန် ပံ့ပိုးကူညီပေးနိုင်ပါသည်။ Front Line Defenders သည် ရုပ်ပိုင်းဆိုင်ရာ နှင့် ဒီဂျစ်တယ် လုံခြုံရေးအတွက် သင်တန်းများ ပေးပါသည်။ Front Line Defenders သည် အန္တရာယ်ကျရောက်နေသော လူ့အခွင့်အရေး ကာကွယ်သူများအတွက် နိုင်ငံတကာအဆင့်ရှိ အီးယူ (EU)၊ ကုလသမဂ္ဂ (UN)၊ ဒေသတွင်းယန္တရားများ နှင့် အစိုးရများ၏ စောင့်ရှောက်မှုများ ရရန်အတွက် ၎င်းတို့၏ ကိစ္စရပ်များကို ထုတ်ပြန်ကြေငြာပြီး စည်းရုံးထောက်ပံ့မှုများ နှင့် စည်းရုံးလုပ်ဆောင်မှုများ ဆောင်ရွက်ပေးပါသည်။

အချက်အလက်ချဲ့

Internews

Website: https://www.internews.org

Internews ၏ အဓိကလုပ်ဆောင်ချက်ကို ဖြည့်စွက်ကာ Internews သည် ဒီဂျစ်တယ်လုံခြုံရေး အသိအမြင်ကို မြင့်လာစေရန်၊ ဆင်ဆာမပါပဲ ပွင့်လင်းသော အင်တာနက်ကို သုံးစွဲနိုင်ခွင့်ကို ကာကွယ်ရန် နှင့် ဒီဂျစ်တယ်လုံခြုံရေးဆိုင်ရာ အလေ့အထများကို တိုးတက်စေရန် အတွက် ကမ္ဘာတဝှမ်းရှိ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ နှင့် လူမှုအသိုင်းအဝိုင်းများ နှင့် ပူးပေါင်း အလုပ်လုပ်ပါသည်။ Internews သည် နိုင်ငံပေါင်း ၈၀ ကျော်မှ စာနယ်ဇင်းသမားများ နှင့် လူ့အခွင့်အရေး ကာကွယ်သူများအား သင်တန်းများ ပေးခဲ့ပါသည်။ Internews မှ တည်ဆောက်ရာတွင် ဦးဆောင် ပေးခဲ့သည့် Security Auditing Framework and Evaluation Template for Advocacy Groups (SAFETAG) မူဘောင် (https://safetag.org) နှင့် ကျွမ်းကျင်သော လိုကယ် နှင့် ဒေသတွင်းရှိ ဒီဂျစ်တယ်လုံခြုံရေး သင်တန်းပေးသူများ နှင့် စာရင်းစစ်သူများ နှင့်လည်း Internews သည် ချိတ်ဆက်မှုရှိပါသည်။ Internews သည် အရပ်ဘက်လူမှု နှင့် ပုဂ္ဂလိက အဖွဲ့အစည်းများသို့ တိုက်ခိုက်နိုင်သည့် သတင်းအချက်အလက်များကို ထောက်လှမ်းသုံးသပ်သည့် ကုမ္ပဏီများနှင့် ခိုင်မာပြီး အပြန်အလှန်အကျိုးပြုသော မိတ်ဖက်ပြုမှုများ တည်ဆောက်နေပါသည်။ Internews သည် အွန်လိုင်းပေါ်တွင် လုံခြုံပြီး ဆင်ဆာမပါသော ချိတ်ဆက်မှုဖြင့် လုပ်ဖော်ကိုင်ဖက်များကို တိုက်ရိုက် ပံ့ပိုးပေးနိုင်ပါသည်။ Internews သည် SAFETAG မူဘောင်ကိုအသုံးပြုပြီး အခြေခံလုံခြုံရေး အကဲဖြတ်မှုများ၊ အဖွဲ့အစည်းမူဝါဒ အကဲဖြတ်မှုများ၊ နှင့် ခြိမ်းခြောက်မှုသုတေသနအပေါ် မူတည်၍ ပြန်လည်သုံးသပ်ပြီး ထိခိုက်မှုလျော့နည်းစေရန် ဗျူဟာဆွဲခြင်းများ စသဖြင့် နည်းပညာ နှင့် နည်းပညာမဆိုင်သော ကြားဝင်ရောက်စွက်ဖက်သည့် အစီအစဥ်များ ဆောင်ရွက်ပေးပါသည်။ ၎င်းဝန်ဆောင်မှုများသည် ဒီဂျစ်တယ်တိုက်ခိုက်မှုများကို ကြုံတွေ့ခံစားခဲ့ရသော လူ့အခွင့်အရေး နှင့် မီဒီယာ အဖွဲ့များအတွက် ပုဂ္ဂိုလ်အချက်အလက်များ တရားမဝင်စွ��� ယူဆောင်ခြင်းများ (phishing) နှင့် သူခိုးဆော့ဝဲများ (malware) ကို သုံးသပ်ရာတွင် ကူညီပံ့ပိုးပါသည်။

အချက်အလက်ချဲ့

Media Diversity Institute - Armenia

Website: https://mdi.am/

Media Diversity Institute - Armenia သည် အမြတ်အစွန်းမယူသော၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ၎င်းသည် ရိုးရာမီဒီယာ၊ လူမှုမီဒီယာ နှင့် နည်းပညာအသစ်များကို အသုံးပြု၍ လူ့အခွင့်အရေးများကို ကာကွယ်စေရန်၊ ဒီမိုကရေစီ လိုက်နာသော အရပ်ဘက် အသိုင်းအဝိုင်း တည်ဆောက်ရန်၊ လူနည်းစုများသို့ အသံပေးရန် နှင့် မတူကွဲပြားမှု အမျိုးမျိုး၏ စုပေါင်းနားလည်မှုကို နက်ရှိုင်းစေရန် လုပ်ဆောင်ပါသည်။

MDI Armenia သည် လန်ဒန်အခြေစိုက် Media Diversity Institute နှင့် ဆက်နွယ်သော်လည်း လွတ်လပ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

အချက်အလက်ချဲ့

Myan ICT for Development Organization (MIDO)

Website: https://http://www.mido.ngo/

MIDO ၏ မစ်ရှင်သည် မြန်မာနိုင်ငံ၏ လူမှုရေး နှင့် နိုင်ငံရေး တိုးတက်စေရန် နည်းပညာကို အသုံးပြုဖို့အတွက် မောင်းနှင်ပေးသည့် အဖွဲ့အစည်းဖြစ်ရန် ဖြစ်ပါသည်။

အချက်အလက်ချဲ့

TibCERT - Tibetan Computer Emergency Readiness Team

Website: https://tibcert.org/

Tibetan Computer Emergency Readiness Team (TibCERT) သည် တိဘက်အသိုင်းအဝိုင်းတွင် အွန်လိုင်းခြိမ်းခြောက်မှုများကို လျော့နည်းစေရန်အတွက် အဖွဲ့များ ပူးပေါင်းဖွဲ့စည်းထားသည့် တရားဝင်အဖွဲ့ ဖွဲ့ရန် ကြိုးစားပါသည်။ TibCERT သည် တိဘက်ဒေသတွင်း ရွှေ့ပြောင်းလှုပ်ရှားမှုများ ဆိုင်ရာ စောင့်ကြည့်ခံရခြင်း နှင့် ဆင်ဆာဖြတ်တောက်မှုခံရခြင်းများတို့၏ ခြိမ်းခြောက်မှုများကို ခုခံတားစီးနိုင်ရန် နည်းပညာပိုင်း သုတေသန စွမ်းရည်ကို တိုးချဲ့ရန် လုပ်ဆောင်ပါသည်။ TibCERT ၏ ရည်ရွယ်ချက်ကတော့ တိဘက်အသိုင်းအဝိုင်း တစ်ခုလုံးအတွက် အွန်လိုင်းလွတ်လပ်ခွင့် နှင့် လုံခြုံမှု ပိုမိုရရှိစေရန် အတွက်ဖြစ်ပါသည်။

TibCERT ၏ မစ်ရှင်တွင် -

  • ဒီဂျစ်တယ် လုံခြုံရေးကိစ္စများ နှင့် လိုအပ်ချက်များ ဆိုင်ရာ တိဘက် အသိုင်းအဝိုင်းတွင်း သက်ဆိုင်သူများအကြား ရေရှည်ပူးပေါင်းဆောင်ရွက်မှုပြုနိုင်ရန် အတွက် ပလက်ဖောင်းတစ်ခုကို ဖန်တီးပေးခြင်း နှင့် ထိန်းသိမ်းပေးခြင်း
  • တိဘက်လူမျိုးများနှင့် ကမ္ဘာအနှံ့ရှိ သူခိုးဆော့ဝဲ နှင့် ဆိုင်ဘာလုံခြုံရေး သုတေသီများ အကြား အပြန်အလှန် အကျိုးရှိစွာ မျှဝေနိုင်ရန် အတွက် ဆက်သွယ်ချိတ်ဆက်မှုများ ပိုမိုနက်ရှိုင်းစေခြင်း နှင့် တိကျ၍ ပူးပေါင်းဆောင်ရွက်နိုင်သော လုပ်စဥ်များ တည်ဆောက်ခြင်း
  • တိဘက်လူမျိုးများ အတွက် အွန်လိုင်းတိုက်ခိုက်မှုများကို ကာကွယ်လျော့ချနိုင်ရန် အတွက် အသိုင်းအဝိုင်းမှ တွေ့ကြုံရသော ခြိမ်းခြောက်မှုများဆိုင်ရာ အချက်အလက်များ နှင့် အကြံပေးချက်များကို ပုံမှန် ထုတ်ပြန်ခြင်း
  • ပုံမှန်အသေးစိတ် အချက်အလက်များ၊ သုံးသပ်မှုများ နှင့် ဖြေရှင်းချက်များကို ပေးဆောင်၍ တိဘက်လူမျိုးများကို ဆင်ဆာဖြတ်တောက်ခံရခြင်း နှင့် စောင့်ကြည့်ခံရခြင်းတို့မှ သွယ်ဝိုက်နိုင်ရန် ပံ့ပိုးကူညီပေးခြင်း

အချက်အလက်ချဲ့

ထပ်စွန်းအကူအညီ

ပထမဆုံးမှတ်မိရမည့်စည်းမျဉ်း - မည်သည့်ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကိုမဆို အီးမေးလ်ဖြင့်မထုတ်ပါနှင့်။ မည်သည့်အဖွဲ့အစည်း၊ ဘဏ် သို့မဟုတ် အခြားမည်သည့်အရာကမှ ထိုအချက်အလက်များကို အီးမေးလ်ဖြင့်တောင်းခံလိမ့်မည်မဟုတ်ပါ။ အီးမေးလ်တစ်ခု သို့မဟုတ် ၀က်ဘ်ဆိုက်တစ်ခု၏တရားဝင်မှုရှိမရှိကိုအမြဲတမ်းပြောရန်မလွယ်ကူသော်လည်း သင်ရရှိသောအီးမေးလ်ကိုသင်အကဲဖြတ်ရန်အထောက်အကူပြုမည့်အကြံဥာဏ်အချို့ရှိပါသည်။

  • အရေးတကြီးသဘောထား - သံသယဖြစ်ဖွယ်အီးမေးလ်များသည် ပုံမှန်အားဖြင့် အကောင့်တစ်ခုသို့ ရုတ်တရက်ပြောင်းလဲမှုကိုသတိပေးပြီးသင့်အကောင့်အားအတည်ပြုရန်ချက်ချင်းလုပ်ဆောင်ရန် သင့်အားတောင်းဆိုမည်။
  • အီးမေလ်စာကိုယ်ပိုင်းတွင် “အတည်ပြုရန်” သို့မဟုတ် “သင့်အကောင့်အားအသစ်ထပ်ထည့်ရန်” သို့မဟုတ် “သင်၏မှတ်တမ်းများကို မွမ်းမံရန်ပျက်ကွက်ပါကအကောင့်ကိုဆိုင်းငံ့ထားနိုင်သည်” ဆိုသည့် မေးခွန်းများကိုမြင်တွေ့ရပါလိမ့်မည်။ သင်၏သတင်းအချက်အလက်များကို ပေးအပ်ထားသောယုံကြည်စိတ်ချရသောအဖွဲ့အစည်းတစ်ခုမှ သင့်အားပြန်လည်ထည့်သွင်းရန် သင့်အားတောင်းဆိုလိမ့်မည်မဟုတ်သောကြောင့် ထောက်ချောက်ထဲမဝင်ရောက်သွားပါနှင့်။ ၎င်းသည်ဤထောင်ချောက်ထဲမကျပါ။
  • မလိုချင်သောမက်ဆေ့ခ်ျများ၊ ပူးတွဲဖိုင်များ၊ လင့်များနှင့် login စာမျက်နှာများကိုသတိပြုပါ။
  • စာလုံးပေါင်းနှင့်သဒ္ဒါအမှားများကိုသတိထားပါ။
  • ပေးပို့သူ၏လိပ်စာအပြည့်အစုံအား နှိပ်ကြည့်ပါ၊ ဖော်ပြထားသောနာမည်တစ်ခုတည်းမဟုတ်ဘဲ။
  • အချိတ်အဆက်အတိုများကိုသတိရပါ - သူတို့နောက်ကွယ်တွင် မကောင်းသော link တစ်ခုဝှက်ထားနိုင်သည်။
  • သင်က mouse ကို link တစ်ခုပေါ်တွင်တင်သောအခါ သင့်အားညွှန်ပြနေသော URL သည် popup တွင် သို့မဟုတ် ဘရောင်ဇာ window ၏အောက်ခြေတွင်ပြလိမ့်မည်။
  • အီးမေးလ်ခေါင်းစီးတွင် "from:" သည် သူတို့တရားဝင်ဖြစ်အောင်လုပ်ရန်ပုံဖော်နိုင်သည်။ SPF နှင့် DKIM ခေါင်းစီးများကိုစစ်ဆေးခြင်းအားဖြင့် အိုင်ပီလိပ်စာတစ်ခုသည် ပေးပို့သူဒိုမိန်းကိုယ်စားအီးမေးလ်များကိုခွင့်ပြုသည် (သို့မဟုတ် မဟုတ်လျှင်) အကယ်၍ ခေါင်းစီးများ သို့မဟုတ် အကြောင်းအရာများသည်အကူးအပြောင်းပြောင်းလဲမှုရှိ၊ မရှိကိုသင်ပြောနိုင်သည်။ တရားဝင်အီးမေးလ်ထဲမှာ SPF နှင့် DKIM သည် 'PASS' ဟု ဖော်ပြနေလိမ့်မည်၊ ဘယ်လိုပဲ အီးမေးလ်က စိတ်မချရသည်ဖြစ်စေကာမူ။ အကြောင်းမှာ အီးမေးလ်သည် လိမ်လည်လှည့်စားခံရသည် သို့မဟုတ် ရှားပါးသောကိစ္စရပ်များတွင်၊ မေးလ်ဆာဗာကိုမှန်ကန်စွာပြုပြင်မထားပါ။
  • ဒစ်ဂျစ်တယ်လက်မှတ် သည် တရားဝင်ပေးပို့သူမှ အီး‌မေးလ်ပို့ခြင်း သို့မဟုတ် ပြုပြင်မွမ်းမံခြင်းများရှိမရှိကို ပြောပြနိုင်သည်။ အီးမေးလ်ကိုလက်မှတ်ရေးထိုးခဲ့လျှင် လက်မှတ်အားအတည်ပြုခြင်းရှိ၊ မရှိစစ်ဆေးပါ။ လက်မှတ်တစ်ခုအတည်ပြုရန်အတွက် OpenPGP နှင့်စာနှင့်သက်ဆိုင်သော public key ကိုသုံးရန်လိုအပ်လိမ့်မည်။ ဒစ်ဂျစ်တယ်လက်မှတ်များကိုထောက်ပံ့သော ခေတ်မီသောအီးမေးလ်ဝန်ဆောင်မှုပေးသူအများစုသည် သင့်အတွက်အတည်ပြုခြင်းကိုအလိုအလျောက်ပြုလုပ်ပြီးလက်မှတ်အားအတည်ပြုခြင်းရှိမရှိ သို့မဟုတ် သူတို့၏သုံးစွဲသူမျက်နှာပြင်မှသင့်အားပြောပြလိမ့်မည်။
  • ထိခိုက်လွယ်သောအကောင့်သည် အန္တရာယ်ရှိသည့်အီးမေးလ် သို့မဟုတ် မက်ဆေ့ခ်ျကို ထုတ်ပေးနိုင်သည်။ သို့သော် များသောအားဖြင့် အီးမေးလ်မက်ဆေ့ခ်ျတွင်ပါ၀င်သောအကြောင်းအရာများသည် ထူးဆန်းနေပုံရသည်ဆိုလျှင် မည်သည့်အရေးယူမှုမပြုလုပ်မီ မတူညီသောဆက်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် တရားဝင်ပေးပို့သူနှင့်စစ်ဆေးရန် အမြဲတမ်းကောင်းသည်။
  • သင်၏အီးမေးလ်များကို ပုံမှန်ဖတ်ခြင်း နှင့် စာရေးခြင်းသည် အလေ့အကျင့်ကောင်းတစ်ခုဖြစ်သည်။ HTML-based အီးမေးလ်များကိုအန္တရာယ်ရှိသောကုဒ်များသို့မဟုတ် URLs များကို ဖုံးကွယ်ထားသည့်နည်းဖြင့်ပြန်ဆိုနိုင်သည်။ မတူကွဲပြားတဲ့အီးမေးလ်ဝန်ဆောင်မှုပေးသူတွေမှာ HTML ကို ဘယ်လို disable လုပ်ရမယ်ဆိုတာညွှန်ကြားချက်တွေရနိုင်ပါတယ် ပို့စ်အားကြည့်ရန်
  • သင့်ဖုန်း သို့မဟုတ် ကွန်ပျူတာပေါ်ရှိနောက်ဆုံးပေါ်လည်ပတ်မှုစနစ်ကိုသုံးပါ (ဗားရှင်းကြည့်ရန် AndroidiOSmacOS နှင့် Windows)
  • သင်၏လည်ပတ်မှုစနစ်နှင့်သင်ထည့်သွင်းထားသော အက်ပလီကေးရှင်းများ/ ပရိုဂရမ်များအားလုံး အထူးသဖြင့်သတင်းအချက်အလက်ကိုလက်ခံရရှိသူများကိုအမြန်ဆုံးမွမ်းမံပါ (ဘရောင်ဇာ၊ မက်ဆေ့ချ်ပို့ခြင်း နှင့် ချက်တင်အက်ပလီကေးရှင်းများ/ပရိုဂရမ်များ၊ အီးမေးဝန်ဆောင်မှုပေးသူများ၊ စသည်ဖြင့်ပါဝင်သည်)။ သင်မလိုအပ်သော အက်ပလီကေးရှင်းများ / ပရိုဂရမ်များအားလုံးကိုဖယ်ရှားပါ။
  • အဆင်ပြေသည့်ဘရောင်ဇာကို အသုံးပြုပါ (ဥပမာ- Mozilla Firefox)။ သင်၏ဘရောင်ဇာ တွင်ထည့်သွင်းထားသော extensions / add-ons များကိုပြန်လည်သုံးသပ်ခြင်းဖြင့် သင်၏ browser လုံခြုံမှုကိုမြှင့်တင်ပါ။ သင်ယုံကြည်ရသောဘရောင်ဇာများကိုသာ ချန်ထားပါ (ဥပမာ- HTTPS Everywhere, Privacy Badger, uBlock Origin, Facebook Container, Cookie AutoDelete, NoScript).
  • သင်၏သတင်းအချက်အလက်များကိုပုံမှန်လုံခြုံသောအရံသိမ်းဆည်းမှုများပြုလုပ်ပါ။
  • အကောင့်များကို ကာကွယ်ရန် ခိုင်မာသောစကားဝှက်၊ လုံခြုံရေး၂ဆင့်ဖြင့်အတည်ပြုခြင်း နှင့် လုံခြုံရေးပြုပြင်မှုများကို ပြုလုပ်ထားပါ။

အရင်းအမြစ်များ

သံသယဖြစ်ဖွယ်မက်ဆေ့ခ်ျများကိုရှာဖွေတွေ့ရှိရန်နှင့် phishing မပြုလုပ်ရန်အရင်းအမြစ်များစွာကိုဤတွင်ဖော်ပြထားသည်။