DFAK / ခေါင်းစဉ်များ / ကျွန်ုပ် website ကျသွားပြီးပေါ်မလာတော့ပါ။ မည်သို့ကြောင့်နည်း?

ဆော့ဝဲလ် ပြဿနာ ဖြစ်နိုင်သည်။ သင့်အနေဖြင့် သင်(သို့)သင့်အဖွဲ့က ပြုလုပ်ခဲ့သော ပြောင်းလဲမှုများကို ပြန်လည်ကြည့်ရှုစစ်ဆေးသင့်ပြီး သင်၏ webmaster ကို ဆက်သွယ်သင့်သည်။ ပြဿနာကြုံတွေ့နေရသော စာမျက်နှာ Link နှင့် မြင်တွေ့ရသော ပြဿနာအကြောင်းအရာ စာသားများ ကို screenshot နှင့်အတူ သင်၏ webmaster ထံ ပေးပို့ခြင်းအားဖြင့် ပြဿနာအရင်းအမြစ်ကို ရှာဖွေဆန်းစစ်နိုင်ရန် ကူညီပေးနိုင်ပါလိမ့်မည်။ သင့်အနေဖြင့် ပြဿနာအကြောင်းအရာ စာသားများကို ကော်ပီကူးယူ၍ အင်တာနက် Search Engine တွင် ရှာဖွေခြင်းဖြင့်လဲ အလွယ်တကူ ပြုပြင်နိုင်သည့် နည်းလမ်းများကို တွေ့ကောင်းတွေ့နိုင်သည်။