အထောက်အပံ့အမျိုးမျိုးပေးသည့်အဖွဲ့အစည်းများ၏ စာရင်းကို ကြည့်ရှုနိုင်ပါသည်။ အဖွဲ့အစည်းတစ်ခုစီကို နှိပ်၍ ၎င်းတို့၏ဝန်ဆောင်မှုများနှင့် မည်သို့ဆက်သွယ်ရမည်ကို အသေးစိတ်အချက်အလက်များကြည့်ရှုပါ။

Access Now
ဝဘ်ဆိုဒ်: https://www.accessnow.org/help
Access Now ရဲ့ ဒစ်ဂျစ်တယ်ဘေးကင်းလုံခြုံရေး helpline သည် ကမ္ဘာတစ်ဝှမ်းရှိ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ အင်တာနက်ပေါ်တွင်လုံခြုံစေရန် ကြိုးပမ်းလျက်ရှိပါသည်။ လိုင်းပေါ်တွင် သင်အန္တရာယ်များကြုံတွေ့နေပါက သင်၏ဒစ်ဂျစ်တယ်ဘေးကင်းလုံခြုံရေးဆိုင်ရာ အလေ့အကျင့်တွေပိုမိုခိုင်မာတိုးတက်ရန်အတွက် ကျွန်ုပ်တို့ဘက်က ကူညီပေးနိုင်ပါသည်။ သို့မဟုတ် သင်သည်မျက်မှောက်တွင် ဒစ်ဂျစ်တယ်တိုက်ခိုက်ရေးများခံစားနေရပါက ကျွန်ုပ်တို့ဘက်က အမြန်ဆုံးအရေးပေါ်အထောက်အကူပေးနိုင်ပါသည်။
ဝန်ဆောင်မှုများ
၎င်းတို့ကူညီသောသူတွေ
ဆက်သွယ်နည်း
ဘာသာစကားများဖြင့်ရယူနိုင်သည်
အလုပ်ချိန်
၂၄/၇, ကမ္ဘာတစ်ဝှမ်း
ခန့်မှန်းခြေ တုံ့ပြန်မှုအချိန်
၂ နာရီ

Co-Creation Hub
ဝဘ်ဆိုဒ်: https://cchubnigeria.com/
CcHUB သည် စီးပွားရေးတိုးတက်မှုအတွက် လူမှုအရင်းအနှီးနှင့် နည်းပညာကို အရှိန်မြှင့်တင်ပေးနေသော တီထွင်ဆန်းသစ်မှုစင်တာတစ်ခု ဖြစ်ပါသည်။
ဝန်ဆောင်မှုများ
၎င်းတို့ကူညီသောသူတွေ
ဆက်သွယ်နည်း
ဘာသာစကားများဖြင့်ရယူနိုင်သည်
အလုပ်ချိန်
တနင်္လာမှသောကြာ, နိုင်ဂျီးရီးယား (GMT +1)
ခန့်မှန်းခြေ တုံ့ပြန်မှုအချိန်
တနင်္လာ-သောကြာ: ၁ နာရီ; စနေ၊ တနင်္ဂနွေ: ၃နာရီမှ ၅နာရီအထိ

COLNODO - Escuela de Seguridad Digital
ဝဘ်ဆိုဒ်: https://www.escueladeseguridaddigital.co/
The Escuela de Seguridad Digital သည် အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ စာနယ်ဇင်းသမားများ နှင့် တက်ကြွလှုပ်ရှားသူများ၏ လုံခြုံရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှုများ ပိုမိုတိုးတက်လာစေရန် အတူတကွလိုက်ပါကူညီလမ်းညွှန်ရန် ရည်ရွယ်သည်။ ပညာပေးခြင်းလုပ်ငန်းစဉ်မှတစ်ဆင့် ၎င်းတို့၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးတို့အပေါ် သက်ရောက်မှုရှိသည် ဒစ်ဂျစ်တယ်ခြိမ်းခြောက်မှုများ နည်းနိုင်သမျှနည်းစေရန် ရည်ရွယ်သည်။
ဝန်ဆောင်မှုများ
၎င်းတို့ကူညီသောသူတွေ
ဆက်သွယ်နည်း
အလုပ်ချိန်
တနင်္လာမှသောကြာ, 8-18, UTC -5
ခန့်မှန်းခြေ တုံ့ပြန်မှုအချိန်
၁ ရက်

Computer Incident Response Center Luxembourg
ဝဘ်ဆိုဒ်: https://circl.lu
CIRCL သည် ပုဂ္ဂလိက၊ ကွန်မြူန်း၊ အစိုးအရမဟုတ်သော အဖွဲ့အစည်းများအတွက် CERT ဖြစ်ပါသည်။
CIRCL သည် Luxembourg ရှိ အသုံးပြုသူများ ၊ ကုမ္ပဏီများ ၊ အဖွဲ့အစည်းများအတွက် ဒစ်ဂျစ်တယ်တိုက်ခိုက်မှု ဖြစ်ပွားစဉ်များကို စိတ်ချယုံကြည်စွာ ကိုင်တွယ်ရှင်းလင်းပေးသော အဖွဲ့အစည်းဖြစ်ပါသည်။ ၎င်း၏ အဖွဲ့ဝင်ကျွမ်းကျင်သူများသည် မီးသတ်တပ်ဖွဲ့တစ်ခုလို အန္တရာယ်တစ်ခု သံသယဖြစ်သည်ဖြစ်စေ ၊ တွေ့ရှိသည်ဖြစ်စေ ၊ ဖြစ်ပေါ်သည်ဖြစ်စေ မြန်ဆန်ထိရောက်စွာ တုံ့ပြန်ပေးပါသည်။
CIRCL၏ ရည်ရွယ်ချက်မှာ ဆိုက်ဘာအန္တရာယ်များ ကို စည်းစနစ်ကျကျ စီစစ်၊ အစီရင်ခံ၊ တုံ့ပြန်ခြင်းတို့ပဲဖြစ်သည်။
၎င်းတို့ကူညီသောသူတွေ
ဆက်သွယ်နည်း
အလုပ်ချိန်
ရုံးအချိန်အတွင်း, UTC+2
ခန့်မှန်းခြေ တုံ့ပြန်မှုအချိန်
၄ နာရီ

Digital Defenders Partnership
ဝဘ်ဆိုဒ်: https://www.digitaldefenders.org
Digital Defenders Partnership (DDP) အဖွဲ့သည် ဒီဂျစ်တယ်ခြိမ်းခြောက်မှုများ ခံယူနေရသော လူ့အခွင့်အရေး ကာကွယ်သူများကို ထောက်ပံ့မှုပေးပြီး ဒေသတွင်း မြန်ဆန်သော တုံ့ပြန်မှုကွန်ယက်များကို ပိုမိုခိုင်မာစေရန် အားဖြည့်ပေးပါသည်။ DDP သည် လူ့အခွင့်အရေး ကာကွယ်သူများ၊ သတင်းထောက်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းရှိ တက်ကြွလှုပ်ရှားသူများ နှင့် ဘလော့ဂ်ဂါများ စသည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအတွက် အရေးပေါ်ထောက်ပံ့မှုများကို စီစဥ်ဆောင်ရွက်ပေးပါသည်။
DDP တွင် အရေးပေါ်ကိစ္စများကို ဖြေရှင်းရန်အတွက် ရန်ပုံငွေအမျိုးအစား ၅ ခု နှင့် အဖွဲ့အစည်းတစ်ခုအတွင်း စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ရေရှည်ထောက်ပံ့ကြေးများ ရှိပါသည်။ ထို့အပြင် ၎င်းတို့သည် အဖွဲ့အစည်းများအတွက် ဒီဂျစ်တယ်လုံခြုံရေး နှင့် ပုဂ္ဂိုလ်လုံခြုံရေးဆိုင်ရာ သီးသန့်သင်တန်းများ နှင့် Rapid Response Network (မြန်ဆန်သော တုန့်ပြန်မှုကွန်ယက်) အစီအစဥ်များပါဝင်သည့် Digital Integrity Fellowship ကို ဆောင်ရွက်ပေးပါသည်။
ဝန်ဆောင်မှုများ
၎င်းတို့ကူညီသောသူတွေ
ဆက်သွယ်နည်း
အလုပ်ချိန်
တနင်္လာမှကြာသာပတေး 9am-5pm CET
ခန့်မှန်းခြေ တုံ့ပြန်မှုအချိန်
၄ ရက်

Digital Rights Foundation
ဝဘ်ဆိုဒ်: https://digitalrightsfoundation.pk/
Digital Rights Foundation (DRF) သည် ပါကစ္စတန်အခြေစိုက် သုတေသနအခြေပြု စည်းရုံးထောက်ပံ့ပေးပြီး မှတ်ပုံတင်ထားသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး DRF သည် လူ့အခွင်းအရေးများ၊ အားလုံးအကျုံးဝင်မှု၊ ဒီမိုကရေစီလုပ်စဥ်များ နှင့် ဒီဂျစ်တယ်အုပ်ချုပ်မှု တို့ကို ပံ့ပိုးပေးရန် သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာများ (ICT) ကို အာရုံစိုက်ပေးပါသည်။ DRF သည် အွန်လိုင်းပေါ်တွင် လွတ်လပ်စွာပြောဆိုနိုင်ခွင့်၊ ပုဂ္ဂိုလ်လုံခြုံရေး၊ ဒေတာကာကွယ်မှု နှင့် အမျိုးသမီးများအပေါ် အွန်လိုင်းအကြမ်းဖက်မှု တားဆီးခြင်း ဆိုင်ရာ ကိစ္စရပ်များတွင် အလုပ်လုပ်ဆောင်ပါသည်။
ဝန်ဆောင်မှုများ
၎င်းတို့ကူညီသောသူတွေ
ဆက်သွယ်နည်း
အလုပ်ချိန်
ပိတ်ရက်မရှိ, 9 AM-5 PM UTC+5 (PST)
ခန့်မှန်းခြေ တုံ့ပြန်မှုအချိန်
၅၆ နာရီ

Digital Security Lab Ukraine
ဝဘ်ဆိုဒ်: https://dslua.org/
Digital Security Lab Ukraine သည် ၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့သော Kyiv အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်း ဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ NGO များနှင့် လွပ်လပ်သော မီဒီယာများ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးပြီး ၎င်းတို့၏ ဒီဂျစ်တယ် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို ကာကွယ်ကိုင်တွယ်ဖြေရှင်းပေးခြင်း နှင့် ဒီဂျစ်တယ်အခွင့်အရေးကိစ္စရပ်များတွင် အစိုးရ နှင့် ကော်ပရိတ်မူဝါဒများသို့ သက်ရောက်မှုရှိစေခြင်းတို့ဖြင့် အင်တာနက်ပေါ်တွင် လူ့အခွင့်အရေးများကို အကောင်အထည်ဖော်ရန် ဖြစ်ပါသည်။
ဝန်ဆောင်မှုများ
၎င်းတို့ကူညီသောသူတွေ
ဆက်သွယ်နည်း
အလုပ်ချိန်
တနင်္လာမှကြာသာပတေး ၊ 9am-5pm EET/EEST
ခန့်မှန်းခြေ တုံ့ပြန်မှုအချိန်
၂ ရက်

Freedom of the Press Foundation
ဝဘ်ဆိုဒ်: https://freedom.press
Freedom of the Press Foundation (FPF) သည် ၂၁ ရာစုရှိ အများပြည်သူ အကျိုးစီးပွားသက်ရောက်သော သတင်းစာပညာကို ကာကွယ်စောင့်ရှောက်ပေးသော ၅၀၁(ဂ)၃ မှတ်ပုံတင်ထားသည့် အမြတ်မယူသော အဖွဲ့အစည်းဖြစ်ပါသည်။ FPF သည် မိမိကိုယ်တိုင်၊ မိမိ၏ ပစ္စည်းအရာများ နှင့် အဖွဲ့အစည်းများကို ပိုမိုကာကွယ်နိုင်ရန်အတွက် လုံခြုံရေးကိရိယာများ နှင့် နည်းစနစ်များကို မီဒီယာအဖွဲ့အစည်းအကြီးများ နှင့် လွပ်လပ်သော စာနယ်ဇင်းသမားများသို့ သင်ကြားပေးပါသည်။
ဝန်ဆောင်မှုများ
ဆက်သွယ်နည်း
ဘာသာစကားများဖြင့်ရယူနိုင်သည်
အလုပ်ချိန်
တနင်္လာမှသောကြာ ၊ ရုံးချိန်အတွင်း (Eastern Time Zone, USA)
ခန့်မှန်းခြေ တုံ့ပြန်မှုအချိန်
၁ ရက်

Front Line Defenders
ဝဘ်ဆိုဒ်: https://www.frontlinedefenders.org/emergency-contact
Front Line Defenders သည် အန္တရာယ်ကျရောက်နေသော လူ့အခွင့်အရေး ကာကွယ်သူများကို ဘက်ပေါင်းစုံ စောင့်ရှောက်မှုပေးသော အိုင်ယာလန်အခြေစိုက် နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ Front Line Defenders သည် အန္တရာယ်ချက်ချင်းကျရောက်နေသော လူ့အခွင့်အရေး ကာကွယ်သူများအား လုံခြုံရေးထောက်ပံ့ငွေများ၊ ရုပ်ပိုင်းဆိုင်ရာ နှင့် ဒီဂျစ်တယ် လုံခြုံရေးသင်တန်းများ၊ စည်းရုံးထောက်ပံ့မှုများ နှင့် စည်းရုံးလုပ်ဆောင်မှုများ မှတဆင့် လျင်မြန်ပြီး လက်တွေ့ကျသော အထောက်အပံ့များကို ပံ့ပိုးပေးပါသည်။
Front Line Defenders သည် လူ့အခွင့်အရေး ကာကွယ်သူများအတွက် အရေးပေါ်အထောက်အပံ့ပေးနိုင်ရန် အာရဗစ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှား သို့မဟုတ် စပိန် ဘာသာဖြင့် ၂၄/၇ ခေါ်ဆိုနိုင်သော ဖုန်းနံပါတ် ရှိပါသည်။ ဖုန်းနံပါတ်မှာ +353-121-00489 ဖြစ်ပါသည်။ လူ့အခွင့်အရေး ကာကွယ်သူများသည် ၎င်းတို့၏ ဘဝကို ချက်ချင်းခြိမ်းခြောက်ခံရသောအခါ Front Line Defenders သည် ယာယီအခြေချရန် ပံ့ပိုးကူညီပေးနိုင်ပါသည်။ Front Line Defenders သည် ရုပ်ပိုင်းဆိုင်ရာ နှင့် ဒီဂျစ်တယ် လုံခြုံရေးအတွက် သင်တန်းများ ပေးပါသည်။ Front Line Defenders သည် အန္တရာယ်ကျရောက်နေသော လူ့အခွင့်အရေး ကာကွယ်သူများအတွက် နိုင်ငံတကာအဆင့်ရှိ အီးယူ (EU)၊ ကုလသမဂ္ဂ (UN)၊ ဒေသတွင်းယန္တရားများ နှင့် အစိုးရများ၏ စောင့်ရှောက်မှုများ ရရန်အတွက် ၎င်းတို့၏ ကိစ္စရပ်များကို ထုတ်ပြန်ကြေငြာပြီး စည်းရုံးထောက်ပံ့မှုများ နှင့် စည်းရုံးလုပ်ဆောင်မှုများ ဆောင်ရွက်ပေးပါသည်။
ဝန်ဆောင်မှုများ
၎င်းတို့ကူညီသောသူတွေ
ဆက်သွယ်နည်း
အလုပ်ချိန်
အရေးပေါ် ၂၄/၇, ကမ္ဘာတစ်ဝှမ်း; အရေးပေါ်မဟုတ်သောကိစ္စများအတွက် တနင်္လာမှသောကြာ ရုံးချိန်အတွင်း, IST (UTC+1), ဝန်ထမ်းများသည် မတူသောဒေသများ ၊ time zone များတွင်ရှိပါသည်
ခန့်မှန်းခြေ တုံ့ပြန်မှုအချိန်
အရေးပေါ်ဆိုပါက ခေါ်ဆိုသောနေ့အတွင်း (သို့)နောက်နေ့အတွင်း

Greenhost
ဝဘ်ဆိုဒ်: https://greenhost.net
Greenhost သည် ကျင့်ဝတ်ရှိစွာ နှင့် ရေရှည်တည်တံ့နိုင်သော နည်းဖြင့် အိုင်တီဝန်ဆောင်မှုများကို ပေးဆောင်ပါသည်။ ၎င်းတို့၏ ဝန်ဆောင်မှုများတွင် ဝဘ်ဆိုဒ်ထောင်ခြင်း၊ ကလောက် (cloud) ဝန်ဆောင်မှုများ နှင့် အချက်အလက်လုံခြုံရေးအတွက် အစွမ်းထက်သော အထူးပြု ဝန်ဆောင်မှုများ ပါဝင်ပါသည်။ Greenhost သည် အများသုံးနိုင်သော ကုဒ်အရင်းမြစ်၏ (open source) ဖွံ့ဖြိုးမှုတွင် တက်ကြွစွာ ပါဝင်ပြီး နည်းပညာ၊ သတင်းစာပညာ၊ ရိုးရာယဥ်ကျေးမှု၊ ပညာရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေး နှင့် အင်တာနက်လွတ်လပ်ခွင့် ဆိုင်ရာ စီမံကိန်းများတွင် အလုပ်လုပ်ဆောင်ပါသည်။
ဝန်ဆောင်မှုများ
၎င်းတို့ကူညီသောသူတွေ
ဆက်သွယ်နည်း
အလုပ်ချိန်
၂၄/၇, UTC+2
ခန့်မှန်းခြေ တုံ့ပြန်မှုအချိန်
၄ နာရီ

Internews
ဝဘ်ဆိုဒ်: https://www.internews.org
Internews ၏ အဓိကလုပ်ဆောင်ချက်ကို ဖြည့်စွက်ကာ Internews သည် ဒီဂျစ်တယ်လုံခြုံရေး အသိအမြင်ကို မြင့်လာစေရန်၊ ဆင်ဆာမပါပဲ ပွင့်လင်းသော အင်တာနက်ကို သုံးစွဲနိုင်ခွင့်ကို ကာကွယ်ရန် နှင့် ဒီဂျစ်တယ်လုံခြုံရေးဆိုင်ရာ အလေ့အထများကို တိုးတက်စေရန် အတွက် ကမ္ဘာတဝှမ်းရှိ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ နှင့် လူမှုအသိုင်းအဝိုင်းများ နှင့် ပူးပေါင်း အလုပ်လုပ်ပါသည်။ Internews သည် နိုင်ငံပေါင်း ၈၀ ကျော်မှ စာနယ်ဇင်းသမားများ နှင့် လူ့အခွင့်အရေး ကာကွယ်သူများအား သင်တန်းများ ပေးခဲ့ပါသည်။ Internews မှ တည်ဆောက်ရာတွင် ဦးဆောင် ပေးခဲ့သည့် Security Auditing Framework and Evaluation Template for Advocacy Groups (SAFETAG) မူဘောင် (https://safetag.org) နှင့် ကျွမ်းကျင်သော လိုကယ် နှင့် ဒေသတွင်းရှိ ဒီဂျစ်တယ်လုံခြုံရေး သင်တန်းပေးသူများ နှင့် စာရင်းစစ်သူများ နှင့်လည်း Internews သည် ချိတ်ဆက်မှုရှိပါသည်။ Internews သည် အရပ်ဘက်လူမှု နှင့် ပုဂ္ဂလိက အဖွဲ့အစည်းများသို့ တိုက်ခိုက်နိုင်သည့် သတင်းအချက်အလက်များကို ထောက်လှမ်းသုံးသပ်သည့် ကုမ္ပဏီများနှင့် ခိုင်မာပြီး အပြန်အလှန်အကျိုးပြုသော မိတ်ဖက်ပြုမှုများ တည်ဆောက်နေပါသည်။ Internews သည် အွန်လိုင်းပေါ်တွင် လုံခြုံပြီး ဆင်ဆာမပါသော ချိတ်ဆက်မှုဖြင့် လုပ်ဖော်ကိုင်ဖက်များကို တိုက်ရိုက် ပံ့ပိုးပေးနိုင်ပါသည်။ Internews သည် SAFETAG မူဘောင်ကိုအသုံးပြုပြီး အခြေခံလုံခြုံရေး အကဲဖြတ်မှုများ၊ အဖွဲ့အစည်းမူဝါဒ အကဲဖြတ်မှုများ၊ နှင့် ခြိမ်းခြောက်မှုသုတေသနအပေါ် မူတည်၍ ပြန်လည်သုံးသပ်ပြီး ထိခိုက်မှုလျော့နည်းစေရန် ဗျူဟာဆွဲခြင်းများ စသဖြင့် နည်းပညာ နှင့် နည်းပညာမဆိုင်သော ကြားဝင်ရောက်စွက်ဖက်သည့် အစီအစဥ်များ ဆောင်ရွက်ပေးပါသည်။ ၎င်းဝန်ဆောင်မှုများသည် ဒီဂျစ်တယ်တိုက်ခိုက်မှုများကို ကြုံတွေ့ခံစားခဲ့ရသော လူ့အခွင့်အရေး နှင့် မီဒီယာ အဖွဲ့များအတွက် ပုဂ္ဂိုလ်အချက်အလက်များ တရားမဝင်စွာ ယူဆောင်ခြင်းများ (phishing) နှင့် သူခိုးဆော့ဝဲများ (malware) ကို သုံးသပ်ရာတွင် ကူညီပံ့ပိုးပါသည်။
ဝန်ဆောင်မှုများ
၎င်းတို့ကူညီသောသူတွေ
ဆက်သွယ်နည်း
အလုပ်ချိန်
၂၄/၇ ၊ ကမ္ဘာတစ်ဝှမ်း
ခန့်မှန်းခြေ တုံ့ပြန်မှုအချိန်
၁၂ နာရီ

Media Diversity Institute - Armenia
ဝဘ်ဆိုဒ်: https://mdi.am/
Media Diversity Institute - Armenia သည် အမြတ်အစွန်းမယူသော၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ၎င်းသည် ရိုးရာမီဒီယာ၊ လူမှုမီဒီယာ နှင့် နည်းပညာအသစ်များကို အသုံးပြု၍ လူ့အခွင့်အရေးများကို ကာကွယ်စေရန်၊ ဒီမိုကရေစီ လိုက်နာသော အရပ်ဘက် အသိုင်းအဝိုင်း တည်ဆောက်ရန်၊ လူနည်းစုများသို့ အသံပေးရန် နှင့် မတူကွဲပြားမှု အမျိုးမျိုး၏ စုပေါင်းနားလည်မှုကို နက်ရှိုင်းစေရန် လုပ်ဆောင်ပါသည်။
MDI Armenia သည် လန်ဒန်အခြေစိုက် Media Diversity Institute နှင့် ဆက်နွယ်သော်လည်း လွတ်လပ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
ဝန်ဆောင်မှုများ
၎င်းတို့ကူညီသောသူတွေ
ဆက်သွယ်နည်း
အလုပ်ချိန်
၂၄/၇ ၊ GMT+4
ခန့်မှန်းခြေ တုံ့ပြန်မှုအချိန်
၃ နာရီ

Myan ICT for Development Organization (MIDO)
ဝဘ်ဆိုဒ်: https://http://www.mido.ngo/
MIDO ၏ မစ်ရှင်သည် မြန်မာနိုင်ငံ၏ လူမှုရေး နှင့် နိုင်ငံရေး တိုးတက်စေရန် နည်းပညာကို အသုံးပြုဖို့အတွက် မောင်းနှင်ပေးသည့် အဖွဲ့အစည်းဖြစ်ရန် ဖြစ်ပါသည်။
ဝန်ဆောင်မှုများ
၎င်းတို့ကူညီသောသူတွေ
ဆက်သွယ်နည်း
အလုပ်ချိန်
တစ်ပတ်(၇)ရက်, 9 AM-5 PM UTC +6:30
ခန့်မှန်းခြေ တုံ့ပြန်မှုအချိန်
၁ ရက်

Nothing2Hide
ဝဘ်ဆိုဒ်: https://nothing2hide.org
Nothing2Hide (N2H) သည် စာနယ်ဇင်းသမားများ၊ ရှေ့နေများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် "သာမန်" ပြည်သူလူထုတို့အနေဖြင့် ၎င်းတို့၏ ဒေတာနှင့် ဆက်သွယ်မှုများကို ကာကွယ်နိုင်သည့် နည်းလမ်းများ သိရှိထားနိုင်ရန် ရည်ရွယ်၍ သက်ဆိုင်ရာအခြေအနေအလိုက် သင့်လျော်သော နည်းပညာဆိုင်ရာ ဖြေရှင်းနည်းများနှင့် သင်တန်းများပေးသည့် အဖွဲ့အစည်းဖြစ်ပါသည်။ ကျွန်ုပ်တို့၏ မျှော်မှန်းချက်မှာ ကမ္ဘာတစ်ဝှမ်းတွင် ဒီမိုကရေစီစနစ်များ ခိုင်မာစေရန် သတင်းအချက်အလက်မျှဝေခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းတို့ဆောင်ရွက်ရာတွင် နည်းပညာကိုအသုံးချနိုင်စေရန်ဖြစ်သည်။
ဝန်ဆောင်မှုများ
၎င်းတို့ကူညီသောသူတွေ
ဆက်သွယ်နည်း
အလုပ်ချိန်
တနင်္လာမှသောကြာ ၊ 9am to 6pm CET
ခန့်မှန်းခြေ တုံ့ပြန်မှုအချိန်
၁ ရက်

Qurium Media Foundation
ဝဘ်ဆိုဒ်: https://www.qurium.org
Qurium Media Foundation သည် လွတ်လပ်သော သတင်းမီဒီယာများ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ စုံစမ်းစစ်ဆေးရေး ဂျာနယ်လစ်များ နှင့် လူ့အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူများအား လုံခြုံရေးဆိုင်ရာ ဖြေရှင်းမှုများပေးသည့် (Security Solutions Provider) အဖွဲ့အစည်း ဖြစ်ပါသည်။ Qurium သည် အန္တရာယ်ကျရောက်နေသော အဖွဲ့အစည်း နှင့် လူပုဂ္ဂိုလ်များအား သီးသန့်ပံ့ပိုးမှုဖြင့် ပရော်ဖက်ရှင်နယ်စွာ စိတ်ကြိုက်ပြုပြင်နိုင်ပြီး လုံခြုံစိတ်ချရသော ဖြေရှင်းနည်းများကို ပေးဆောင်ပါသည်။ ပါဝင်သော ဝန်ဆောင်မှုများမှာ -
- အန္တရာယ်ကျရောက်နိုင်သည့် ၀က်ဘ်ဆိုက်များအား DDoS တိုက်ခိုက်မှု လျော့ချရေးဖြင့် လုံခြုံစွာ ထူထောင်ထိန်းသိမ်းခြင်း
- ခြိမ်းခြောက်မှု ချက်ချင်းခံနေရသော အဖွဲ့အစည်းများ နှင့် လူပုဂ္ဂိုုလ်များအား လျင်မြန်သော တုံ့ပြန်ပံ့ပိုးမှုပေးခြင်း
- ဝဘ်ဆိုက်ဝန်ဆောင်မှုများ နှင့် မိုဘိုင်းလ်အပ္ပလီကေးရှင်းများအား လုံခြုံရေးစစ်ဆေးခြင်း
- အင်တာနက် ပိတ်ဆို့ထားသော ဝဘ်ဆိုက်များအား သွယ်ဝိုက်၍ ချိတ်ဆက်ခြင်း
- ဒီဂျစ်တယ် တိုက်ခိုက်မှုများ၊ လိမ်လည်လှည့်စားသော အပ္ပလီကေးရှင်းများ၊ ပစ်မှတ်ထားသော သူခိုးဆော့ဝဲများ နှင့် သတင်း အချက်အလက်အတုများကို မှုခင်းစုံစမ်းစစ်ဆေးခြင်း
ဝန်ဆောင်မှုများ
၎င်းတို့ကူညီသောသူတွေ
ဆက်သွယ်နည်း
အလုပ်ချိန်
8AM-18PM တနင်္လာမှတနင်္ဂနွေ CET
ခန့်မှန်းခြေ တုံ့ပြန်မှုအချိန်
၄ နာရီ

SHARE CERT
ဝဘ်ဆိုဒ်: https://www.sharecert.rs/
SHARE CERT ၏မစ်ရှင်သည် ၎င်းတို့၏ အသိုင်းအဝိုင်းအား တိုက်ခိုက်မှုများကို ထိရောက်သော နည်းလမ်းဖြင့် တုံ့ပြန်နိုင်စေရန် စွမ်းဆောင်ရည်မြှင့်ပေးရန် နှင့် အနာဂတ်တွင် ဆိုက်ဘာတိုက်ခိုက်မှုများကို ကာကွယ်ရန် ပိုမိုခံနိုင်ရည်ရှိစေရန် ဖြစ်ပါသည်။
ဝန်ဆောင်မှုများ
၎င်းတို့ကူညီသောသူတွေ
ဆက်သွယ်နည်း
အလုပ်ချိန်
တနင်္လာမှသောကြာ၊ 9 AM - 5 PM, GMT+1/GMT+2
ခန့်မှန်းခြေ တုံ့ပြန်မှုအချိန်
တစ်ရက်အတွင်း

TibCERT - Tibetan Computer Emergency Readiness Team
ဝဘ်ဆိုဒ်: https://tibcert.org/
Tibetan Computer Emergency Readiness Team (TibCERT) သည် တိဘက်အသိုင်းအဝိုင်းတွင် အွန်လိုင်းခြိမ်းခြောက်မှုများကို လျော့နည်းစေရန်အတွက် အဖွဲ့များ ပူးပေါင်းဖွဲ့စည်းထားသည့် တရားဝင်အဖွဲ့ ဖွဲ့ရန် ကြိုးစားပါသည်။ TibCERT သည် တိဘက်ဒေသတွင်း ရွှေ့ပြောင်းလှုပ်ရှားမှုများ ဆိုင်ရာ စောင့်ကြည့်ခံရခြင်း နှင့် ဆင်ဆာဖြတ်တောက်မှုခံရခြင်းများတို့၏ ခြိမ်းခြောက်မှုများကို ခုခံတားစီးနိုင်ရန် နည်းပညာပိုင်း သုတေသန စွမ်းရည်ကို တိုးချဲ့ရန် လုပ်ဆောင်ပါသည်။ TibCERT ၏ ရည်ရွယ်ချက်ကတော့ တိဘက်အသိုင်းအဝိုင်း တစ်ခုလုံးအတွက် အွန်လိုင်းလွတ်လပ်ခွင့် နှင့် လုံခြုံမှု ပိုမိုရရှိစေရန် အတွက်ဖြစ်ပါသည်။
TibCERT ၏ မစ်ရှင်တွင် -
- ဒီဂျစ်တယ် လုံခြုံရေးကိစ္စများ နှင့် လိုအပ်ချက်များ ဆိုင်ရာ တိဘက် အသိုင်းအဝိုင်းတွင်း သက်ဆိုင်သူများအကြား ရေရှည်ပူးပေါင်းဆောင်ရွက်မှုပြုနိုင်ရန် အတွက် ပလက်ဖောင်းတစ်ခုကို ဖန်တီးပေးခြင်း နှင့် ထိန်းသိမ်းပေးခြင်း
- တိဘက်လူမျိုးများနှင့် ကမ္ဘာအနှံ့ရှိ သူခိုးဆော့ဝဲ နှင့် ဆိုင်ဘာလုံခြုံရေး သုတေသီများ အကြား အပြန်အလှန် အကျိုးရှိစွာ မျှဝေနိုင်ရန် အတွက် ဆက်သွယ်ချိတ်ဆက်မှုများ ပိုမိုနက်ရှိုင်းစေခြင်း နှင့် တိကျ၍ ပူးပေါင်းဆောင်ရွက်နိုင်သော လုပ်စဥ်များ တည်ဆောက်ခြင်း
- တိဘက်လူမျိုးများ အတွက် အွန်လိုင်းတိုက်ခိုက်မှုများကို ကာကွယ်လျော့ချနိုင်ရန် အတွက် အသိုင်းအဝိုင်းမှ တွေ့ကြုံရသော ခြိမ်းခြောက်မှုများဆိုင်ရာ အချက်အလက်များ နှင့် အကြံပေးချက်များကို ပုံမှန် ထုတ်ပြန်ခြင်း
- ပုံမှန်အသေးစိတ် အချက်အလက်များ၊ သုံးသပ်မှုများ နှင့် ဖြေရှင်းချက်များကို ပေးဆောင်၍ တိဘက်လူမျိုးများကို ဆင်ဆာဖြတ်တောက်ခံရခြင်း နှင့် စောင့်ကြည့်ခံရခြင်းတို့မှ သွယ်ဝိုက်နိုင်ရန် ပံ့ပိုးကူညီပေးခြင်း
ဝန်ဆောင်မှုများ
၎င်းတို့ကူညီသောသူတွေ
ဆက်သွယ်နည်း
အလုပ်ချိန်
တနင်္လာမှသောကြာ ၊ GMT+5.30
ခန့်မှန်းခြေ တုံ့ပြန်မှုအချိန်
ရုံးချိန်ပြင်ပဖြစ်ပါက ၂၄ ရီ ၊ ရုံးချိန်အတွင်းဖြစ်ပါက ၂ နာရီ