DFAK / မိမိကိုယ်ကိုဂရုစိုက်ခြင်း

လွှမ်းမိုးနေသောစိတ်အနှောက်အယှက်များခံစားနေရပါသလား?

အွန်လိုင်းနှောင့်ယှက်မှု၊ ခြိမ်းခြောက်မှုများနှင့်အခြားဒစ်ဂျစ်တယ်တိုက်ခိုက်မှုများသည် လွှမ်းမိုးခံရသောခံစားချက်များနှင့် အလွန်စိတ်အားငယ်သော စိတ်ခံစားမှုအခြေအနေများ- သင့်အနေနှင့် အပြစ်ရှိသလိုခံစားရခြင်း၊ ရှက်ကြောက်ခြင်း၊ စိုးရိမ်ခြင်း၊ စိတ်တိုခြင်း၊ ‌ဒေါသထွက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အကူအညီမဲ့သလိုခံစားရခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း စသော စိတ်ခံစားမှုဆိုင်ရာအခြေအနေများကိုဖန်တီးနိုင်သည်။

သင့်အားနည်းချက်များနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များသည် လူတစ်ဦးနှင့်တစ်ဦးမတူညီသည့်အတွက် သင့်အနေနှင့် ခံစားနေရမည်ဆိုတာ မှန်ကန်စရာ မရှိပါဘူး။ မည်သည့်စိတ်ခံစားမှုကိုမဆို တရားမျှတပြီး သင်၏တုံ့ပြန်မှုသည်မှန်ကန်သည်၊ မဟုတ်သည်ကို သင်မစိုးရိမ်သင့်ပါဘူး။

တစ်ခုသတိရသင့်သည်မှာ သင်၏ဖြစ်ပျက်မှုသည် သင့်အမှားမဟုတ်သလို သင့်ကိုယ်သင်အပြစ်မတင်သင့်ပါဘူး။ သို့သော် ထိုအရေးပေါ်အခြေအနေကိုဖြေရှင်းရန် သင့်အားကူညီနိုင်သည့်ယုံကြည်သူတစ်ဦးဦး ထံချဉ်းကပ်ခြင်းဖြစ်သည်။

အွန်လိုင်းတိုက်ခိုက်မှုကိုလျှော့ချရန် သင်ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို သင်စုဆောင်းရန် လိုအပ်လိမ့်မည်။ သို့သော် သင်ကိုယ်တိုင်ပြုလုပ်ရန်မလိုပါ။ ယုံကြည်စိတ်ချရသောသူတစ်ဦးရှိပါက ညွှန်ကြားချက်များကိုလိုက်နာနေစဉ် သင်ကသူတို့ကိုကူညီရန်တောင်းဆိုနိုင်သည်။ သင့်ဝက်ဘ်ဆိုက်ကိုဤသတင်းအချက်အလက်များကိုစုဆောင်းရန် သင်၏ကိရိယာများသို့မဟုတ်အကောင့်များသို့ ၀င်ရောက်ခွင့်ပြုပါ။

လွှမ်းမိုးခံရသော ခံစားချက်များမှ မိမိကိုယ်ကိုမည်သို့ကာကွယ်ရမည်ကိုပိုမိုဖတ်ပါ