သင်အွန်လိုင်းနှောင့်ယှက်မှု ပစ်မှတ်ထားခံနေရပါသလား?

အင်တာနက်၊ လူမှုမီဒီယာပလက်ဖောင်းများသည် ... အထူးသဖြင့် အမျိုးသမီးများ၊ LGBTIQ များနှင့် အခြားလူနည်းစုများအတွက် မိမိကိုယ်ကို ထုတ်ဖော်ပြောဆိုရန်နှင့် သူတို့၏စကားသံများကို ထုတ်ဖော်ပြောဆိုရန်အတွက် နေရာတစ်ခုဖြစ်လာသည်။ သို့သော် တချိန်တည်းမှာပင် ၎င်းတို့၏အမြင်များကို ထုတ်ဖော်ပြောဆိုရာတွင် အလွယ်တကူပစ်မှတ်ထားခံရသည့် နေရာများလည်း ဖြစ်လာသည်။ အွန်လိုင်းအကြမ်းဖက်မှုနှင့် အမျိုးသမီးများအား ကာအိ‌ေန္ဒြပျက်ပြားအောင် အလွဲသုံးစားပြုမှု၊ လိင်တူချစ်သူများနှင့် အခြားအခွင့်မသာသောသူများအား ကြောက်ရွံ့ခြင်းမရှိဘဲ တန်းတူညီမျှလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ငြင်းပယ်သည်။

အွန်လိုင်းအကြမ်းဖက်မှုနှင့်အလွဲသုံးစားမှုသည်ပုံစံအမျိုးမျိုးရှိပြီး ဆိုးရွားသည့်အဖွဲ့အစည်းများသည် မကြာခဏဆိုသလို နိုင်ငံများစွာတွင်အနှောင့်အယှက်ပေးခြင်းခံရသူများကို အကာအကွယ်ပေးသည့်ဥပဒေများ မရှိခြင်းကြောင့် အပြစ်ပေးအရေးယူမှုမှ ကင်းလွတ်ခဲ့ပြီး တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် သင်မည်သည့်ခြေလှမ်းများလှမ်းနိုင်သည်ကို ဆုံးဖြတ်ရန် သင့်အား ပစ်မှတ်ထားတိုက်ခိုက်သောအမျိုးအစားကို ဖော်ထုတ်ရန်အရေးကြီးသည်။

ဒီ ဒစ်ဂျစ်တယ်ရှေးဦးပြုလမ်းညွှန် သည် သင်ခံစားနေရသောတိုက်ခိုက်မှုကို မည်သို့ကာကွယ်ရမည်ကို စီစဉ်ရန်အခြေခံအဆင့်အချို့များကို လမ်းပြလိမ့်မည်။

အကယ်၍ သင်သည် အွန်လိုင်းနှောင့်ယှက်မှုဖြင့် ပစ်မှတ်ထားခံရပါက သင့်ပြဿနာ၏ သဘောသဘာဝကိုသိရှိနိုင်ရန်နှင့် ဖြစ်နိုင်သော ဖြေရှင်းနည်းများကိုရှာဖွေရန် ဤမေးခွန်းလွှာကိုလိုက်နာပါ။