သင့်အခြေအနေကိုပိုမိုသုံးသပ်နိုင်ရန် နောက်ဆက်တွဲမေးခွန်းများကိုဖြေဆိုပေးပါ။
physical-wellbeing
သင်၏ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးနှင့် ကောင်းမွန်စွာနေထိုင်နိုင်ရေးတို့အပေါ် စိုးရိမ်ပူပန်ရပါသလား?
no-physical-risk
အသရေဖျက်လှုံ့ဆော်မှုကမ်ပိန်းသည် သင့်နာမည်ဂုဏ်သတင်းကိုတိုက်ခိုက်ရန်ရည်ရွယ်၍ သင့်ဂုဏ်သတင်း ခိုင်မာမှုကို မေးခွန်းထုတ်ခြင်း၊ သံသယရှိဖွယ် ဖော်ပြခြင်း၊ ပစ်မှတ်ထား ထောင်ချောက်ဆင်ခြင်း၊ မဟုတ်မမှန်သည်များဖြင့် စွပ်စွဲခြင်း၊ ရှေ့နောက်မညီမှုများကို ဖော်ထုတ်ခြင်းတို့ပြုလုပ်၍ အများပြည်သူမှ သင့်အပေါ်ယုံကြည်မှု ပျက်ပြားစေရန် ဆောင်ရွက်သည်။
ဤကဲ့သို့ တိုက်ခိုက်မှုများသည် တက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေးကာကွယ်သူများ၊ နိုင်ငံရေးသမားများ၊ သတင်းထောက်များ၊ အများပြည်သူထံ သတင်းအချက်အလက်များ ချပြသူများ၊ အနုပညာရှင်များ စသည်ဖြင့် အများသူငါ လူသိများပြီး နာမည်ဂုဏ်သတင်းနှင့် ယုံကြည်မှုတို့အပေါ် မှီတည်နေသည့် ပုဂ္ဂိုလ်များကို အထူးသဖြင့် ထိခိုက်စေနိုင်သည်။
တိုက်ခိုက်မှုသည့် သင့်နာမည်ဂုဏ်သတင်းကို ထိခိုက်စေရန် ကြိုးပမ်းနေပါသလား?
no-reputational-damage
သင့်နာမည်ဂုဏ်သတင်းကို ထိခိုက်စေရန်ပစ်မှတ်ထားသည့် တိုက်ခိုက်မှုမဟုတ်ပါက သင်ကြုံတွေ့နေရသော ပြဿနာသည် အသရေဖျက်လှုံ့ဆော်မှုမဟုတ်သော အခြားပြဿနာတစ်မျိုး ဖြစ်နေနိုင်သည်။
သင်သည် အွန်လိုင်းနှောင့်ယှက်မှု၏ ပစ်မှတ်ထားခြင်းခံနေရသလားဆိုသည်ကို ဆက်လက်ဖော်ထုတ်လိုပါသလား?
perpetrators
အသရေဖျက်လှုံ့ဆော်မှု၏ နောက်ကွယ်တွင် မည်သူကြိုးကိုင်နေသနည်းဆိုသည်ကို သိရှိထားပါသလား?
respond-defamation
အသရေဖျက်လှုံ့ဆော်မှု ကမ်ပိန်းတစ်ခု၏ သက်ရောက်မှု၊ ပြန့်နှံ့မှု၊ ပါဝင်ပတ်သက်သူ များနှင့် လုပ်ဆောင်ရသည့် ရည်ရွယ်ချက်တို့အပေါ် မူတည်၍ တုံ့ပြန်ရန် နည်းလမ်းများစွာ ရှိနိုင်ပါသည်။ အကယ်၍ အသရေဖျက်လှုံ့ဆော်မှု ကမ်ပိန်းသည် သက်ရောက်မှုနှင့် ပြန့်နှံ့မှု အနည်းငယ်သာရှိသည်ဆိုပါက ဂရုမစိုက်ဖို့ တိုက်တွန်းလိုပါသည်။ အကယ်၍ သက်ရောက်မှုနှင့် ပြန့်နှံ့မှု ကြီးမားသည်ဆိုသော် သက်ဆိုင်သူများကို တိုင်ကြားသတင်းပို့၍ ကမ်ပိန်းအကြောင်းအရာများကို ဖြုတ်ချစေခြင်း၊ အကြောင်းအရာအမှန်အကန်ဖြင့် ပြန်လည်ဖြေရှင်း ခြင်း၊ နှုတ်ပိတ်ခြင်းတို့ ပြုလုပ်ရန် စဉ်းစားနိုင်ပါသည်။
အသရေဖျက်လှုံ့ဆော်မှုကို တုံ့ပြန်ရာတွင် အသရေဖျက်သည့် သတင်းများပိုမိုပြန့်နှံ့ခြင်း မရှိစေရန် သတိထားဆောင်ရွက်ပါ။ လှုံ့ဆော်သူများနှင့် မသမာသည့် ရည်ရွယ်ချက်များကို ဖော်ထုတ်ရန် သတင်းမှားအချို့ကို ထည့်သွင်းကိုးကားခြင်းသည်ပင်လျှင် ယင်းသတင်းမှားကို ပိုမိုပြန့်ပွားစေနိုင်သည်။ သတင်းမှားများကို ပိုမိုပြန့်နှံ့စေခြင်းမရှိအောင် ဖြေရှင်းမှုများ ပြုနိုင်ရန် "အမှန်ညှပ်၍ ပြောဆိုသည့်နည်းလမ်း" ကို ထည့်သွင်းစဉ်းစားပါ။ ဤနည်းလမ်းအရ "မဟုတ်မမှန်သော အကြောင်းအရာတစ်ခုအကြောင်း စမပြောမီ မှန်ကန်သော အကြောင်းအရာကို တင်ပြ၍ အဆုံးသတ်တွင်လည်း မှန်ကန်သောအကြောင်းအရာတင်ပြ၍ အဆုံးသတ်ရန်" လမ်းညွှန်ထားသည်။
တိုက်ခိုက်မှုများကို ထိန်းချုပ်ရန်၊ ယုံကြည်မှုပြန်လည်တည်ဆောက်ရန်၊ သင့်လူမှုအသိုင်းအဝိုင်းကြား ဂုဏ်သတင်းပြန်လည်တည်ငြိမ်စေရန် အသင့်လျော်ဆုံးဟုသည်ဟု ထင်သော နည်းလမ်းများကို ရွေးချယ်ဆောင်ရွက်ကြည့်ပါ။ မည်သည့်နည်းလမ်းကို ရွေးချယ်သည်ဖြစ်စေ မိမိကိုယ်ကိုစောင့်ရှောက်ခြင်း သည် ဦးစားပေးကိစ္စရပ်ဖြစ်သင့်သည်။ ထို့အပြင် သင့်ကိုတိုက်ခိုက်နေသော အကြောင်းအရာများ၊ ပရိုဖိုင်းများကို ပြန်လည်တုံ့ပြန်ခြင်း မပြုမီ မှတ်တမ်းတင်မှတ်သားမှု ပြုလုပ်ထားသင့်သည်။
အသရေဖျက်လှုံ့ဆော်မှု ကမ်ပိန်းကို မည်သို့ တုံ့ပြန်လိုပါသနည်း။
analyze-messages
သင့်နှင့် သင့်အဖွဲ့အစည်းတို့သည် အသရေဖျက်လှုံဆော်မှုကမ်ပိန်း၏ ပစ်မှတ်များဖြစ်နေပါက သတင်းမှားများကို ဖြန့်ကျက်ရန်ပုံမှန်အားဖြင့်သုံးသည့် နည်းလမ်းများကို နားလည်ထားခြင်းဖြင့် အန္တရာယ်ဖြစ်နိုင်ခြေကို သုံးသပ်နိုင်ပြီး နောက်အဆင့်များကို ဆက်လက်စဉ်းစားနိုင်စေပါသည်။ ဤကဲ့သို့တိုက်ခိုက်မှုများတွင် လက်ခံရရှိသော အကြောင်းအရာများ ကိုဆန်းစစ်လေ့လာခြင်းသည် တိုက်ခိုက်သူများ၊ တိုက်ခိုက်သည့်ရည်ရွယ်ချက်များ၊ အသရေဖျက်ရန် အသုံးပြုသော ရင်းမြစ်များ စသည်တို့အကြောင်း ပိုမိုသိရှိစေရန် အသုံးဝင်ပါသည်။ တိုက်ခိုက်မှုနည်းလမ်းအနေဖြင့် များစွာသော အွန်လိုင်း အသုံးချကိရိယာများနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပါဝင်နိုင်ပါသည်။
သင်ရင်ဆိုင်နေရသော အန္တရာယ်ဖြစ်နိုင်ခြေကို အရင်ဆန်းစစ်သင့်သည်။ Interaction Disinformation Toolkit တွင် အန္တရာယ်ဖြစ်နိုင်ခြေအလားအလာကို ဆန်းစစ်ခြင်း နည်းလမ်းပါရှိသည်။ ယင်းကိုအသုံးပြု၍ သင့်မီဒီယာအသိုင်းဝိုင်း၏ အားနည်းချက်များကို ဆန်းစစ်နိုင်ပါသည်။
ဆိုရှယ်မီဒီယာပေါ်ရှိ အသရေဖျက်မှုကမ်ပိန်းများတွင် လူအများ၏ စိတ်ပါဝင်စားမှု ပိုမိုရရှိရန် hashtag များသုံးလေ့ရှိပါသည်။ ၎င်း hashtag များကို အသုံးပြု၍ သင့်အနေဖြင့် လှုံ့ဆော်သူများနှင့် စာပေးပို့မှုများကို ဆန်းစစ်ခြင်းပြုနိုင်သည့်အတွက် တိုက်ခိုက်မှု များကို စောင့်ကြည့်ရန် အသုံးဝင်ပါသည်။ ဆိုရှယ်မီဒီယာပေါ်တွင် Hashtag များ၏ သက်ရောက်မှုကို တိုင်းတာရန် အောက်ပါ tool များကို သုံးနိုင်ပါသည်။
- Track my hashtag
- Brand mentions သည် Twitter ၊ Instagram နှင့် Facebook ပလက်ဖောင်းများပေါ်မှ hashtag ဖော်ပြမှုများအားလုံးကို ဒေတာတစ်ခုတည်းအနေဖြင့် ပေါင်းစည်းဖော်ပြပေးသည်။
- InVid Project သည် အသစ်တက်လာသည့် အကြောင်းအရာများ ကို ရှာဖွေဖော်ထုတ်ခြင်း၊ ဆိုရှယ်မီဒီယာပေါ်တွင် သတင်းပြန့်နေသော ဗီဒီရိုဖိုင်များနှင့် အကြောင်းအရာများ၏ ခိုင်မာမှုကို ဆန်းစစ်ခြင်းတို့ ပြုလုပ်ပေးသည့် အကြောင်းအရာမှန်ကန်မှု အထောက်အထားပြ ပလက်ဖောင်းတစ်ခုဖြစ်ပါသည်။
- Metadata2go သည် သင်လေ့လာဆန်းစစ်နေသော ဖိုင်များ၏ နောက်ကွယ်ရှိ metadata များကို စုံစမ်းပေးသည်။
- YouTube DataViewer ဖြင့် Amnesty International ဗီဒီရိုများကို နောက်ကြောင်းပြန် ပြန်ကြည့်၍ ဗီဒီရိုအဟောင်းဖြစ်နေသလား၊ ကြားဖြတ်ပြင်ဆင်ထားသလား ဆန်းစစ်ရန် အသုံးပြုနိုင်ပါသည်။
လူမှထိန်းချုပ်သည့် manual နှင့် အလိုအလျောက် automated တိုက်ခိုက်မှုများ
အစိုးရနှင့် ဆက်စပ်သော အဖွဲ့အစည်းများ၊ အနှောင့်အယှက်များတို့သည် ငွေကုန်ကြေးကျမများဘဲ နည်းပညာအရလည်း အသုံးပြုရန် လွယ်ကူသည့် ညှိနှိုင်းတိုက်ခိုက်သော botnets များကို အသုံးပြုလေ့ ရှိကြသည်။ အလုံးအရင်းနှင့်ပေါ်ပေါက်လာသော တိုက်ခိုက်မှုများသည် လူရာပေါင်းများစွာတို့မှ မဟုတ်ဘဲ အလိုအလျောက်တပ်ဆင်ထားသော bot များမှ လာသည်ကို သိရှိနားလည်ခြင်းသည်ပင်လျှင် သင့်စိတ်ပူပန်မှုများကို လျော့ကျစေ၍ မှတ်တမ်းမှတ်သားမှုကိုလည်း ပိုမိုလွယ်ကူစေနိုင်ပါသည်။ သင့်ကိုယ်သင် ကာကွယ်ရန်နည်းလမ်းများကိုလည်း ဆုံးဖြတ်ရလွယ်ကူစေသည်။ Botsentinel ကိုသုံး၍ သင့်ကိုတိုက်ခိုက်နေသော အကောင့်များ၏ သဘောသဘာဝကို ဆန်းစစ်ပါ။ Bot များမှ ဖန်တီးသည့် အချို့သောအကြောင်းအရာများကို သုံးစွဲသူအစစ်အမှန်များမှ တွေ့ရှိပြီး ထပ်မံမျှဝေခြင်းမျိုးလည်း ပေါ်ပေါက်နိုင်သည်။ ထို့ကြောင့် follower များ၊ တိကျသော ပရိုဖိုင်းဓာတ်ပုံနှင့် အကြောင်းအရာများ စသည်တို့ပါရှိသည့် အကောင့်များမှ သတင်းမှားများ ဖြန့်နေသည်ကိုလည်း တွေ့ရနိုင်သည်။ ယင်းကဲ့သို့သောအကောင့်များသည် bot အကောင့်များဖြစ်နိုင်ခြေနည်းသည်။ ဆန်းစစ်ရန် Pegabot ကိုလည်း အသုံးပြုနိုင်သည်။
အတွင်းသတင်းနှင့် အများသိသောသတင်းအချက်အလက်များ
ကျွမ်းကျင်စွာဖန်တီးထားသော သတင်းမှားများသည် မှန်ကန်သည့်အကြောင်းအချို့ပေါ်တွင် အခြေခံခြင်း၊ မှန်ကန်သယောင် ထင်ရစေရန် လုပ်ဆောင်ထားခြင်းတို့ ဖြစ်နိုင်သည်။ ပြန့်နှံ့နေသည့် သတင်းအချက်အလက်အမျိုးအစားနှင့် ရင်းမြစ်များကို ဆန်းစစ်ခြင်းဖြင့် သင့်လျော်သော အရေးယူဆောင်ရွက်မှုများကို ဆုံးဖြတ်ရန် အထောက်အကူပြုနိုင်ပါမည်။
သတင်းအချက်အလက်သည် ပုဂ္ဂလိက သို့မဟုတ် အတွင်းရင်းမြစ်များမှ ဖြစ်ပါသလား။ ဒါဆိုလျှင် သင့်စကားဝှက်များ ပြောင်းလဲခြင်း၊ အဆင့်နှစ်ဆင့်ဖြင့် စစ်မှန်ကြောင်းသက်သေပြသည့်နည်းလမ်း တပ်ဆင်ခြင်း စသည်တို့ဆောင်ရွက်၍ သင့်အကောင့်များကို သင်မှလွဲ၍ မည်သူမျှဝင်မရစေရန် တားဆီးသင့်သည်။ အကယ်၍ သတင်းအချက်အလက်သည် chat များ၊ သင်မျှဝေထားသော စာများ၊ ဖိုင်များမှ အကြောင်းအရာများ ဖြစ်နေပါက သင့်လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းများအား သူတို့အကောင့်များ၏ လုံခြုံရေး settings များကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းပါ။ သတင်းအချက်အလက် အဟောင်းများကို သင့်စက်မှဖြစ်စေ၊ သင့်အသိမိတ်ဆွေများ၏ စက်များမှဖြစ်စေ အလွယ်တကူခိုးယူနိုင်ခြင်း မရှိစေရန် chat အဟောင်းများကို ရှင်းလင်းခြင်း၊ ပိတ်သိမ်းခြင်းတို့ လုပ်ဆောင်ရန် စဉ်းစားသင့်ပါသည်။
အနှောင့်အယှက်များသည် လူတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခု၏ အကောင့်ကို အတင်းအဓမ္မထိန်းချုပ်၍ မမှန်ကန်သော သတင်းအချက်လက်များ နှင့် ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားသော မှားယွင်းသည့် သတင်းအချက်အလက်များ ကို ယင်းအကောင့်မှတစ်ဆင့် ဖြန့်ချီခြင်းဖြင့် သတင်းအချက်အလက်များ စစ်မှန်သည်ဟု ပိုမိုထင်ရအောင် လုပ်ဆောင်နိုင်သည်။ သင့်အကောင့်များကို ပြန်လည်ထိန်းချုပ်နိုင်ရန် ဒစ်ဂျစ်တယ်ရှေးဦးသူနာပြုလမ်းညွှန်၏ ကျွန်ုပ်အကောင့်ထဲသို့ ဝင်ရောက်နိုင်ခွင့် ဆုံးရှုံးခဲ့သည် အပိုင်းတွင် ဆက်လက်ဖတ်ရှုပါ။
ပြန့်နှံ့နေသောသတင်းသည် အွန်လိုင်းပေါ်တွင် လူအများဝင်ရောက်ကြည့်ရှုနိုင်သည့် ရင်းမြစ်များမှ ဖြစ်ပါသလား။ ဤသို့ဆိုလျှင် ယင်းသတင်းအချက်အလက်များသည် မည်သည့်နေရာမှ ပေါက်ကြားနေပြီး ဘာဆက်လုပ်ရမည်နည်းဆိုသည်ကို ဆန်းစစ်နိုင်ရန် ဒစ်ဂျစ်တယ်ရှေးဦးသူနာပြုလမ်းညွှန်၏ doxingအပိုင်းကို ဆက်လက်ဖတ်ရှုပါ။
ပိုမိုခေတ်မီဆန်းသစ်သည့် အကြောင်းအရာများ ဖန်တီးခြင်း (YouTube ဗီဒီရိုများ၊ deepfakes များ စသည်ဖြင့်)
တစ်ခါတစ်ရံတွင် တိုက်ခိုက်မှုများ၏ ပစ်မှတ်သည် ပိုမိုတိကျပြီး တိုက်ခိုက်သူများသည် ၎င်းတို့ဖြန့်ကျက်နေသော သတင်းအမှားများ ပိုမိုခိုင်လုံစေရန် အချိန်နှင့် လူအင်အား အကုန်အကျခံ၍ YouTube ဗီဒီရိုများတွင် ပုံရိပ်အတုအယောင်များနှင့် သတင်းများ ဖန်တီးခြင်း၊ deepfakes များဖန်တီးခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။ ဤကဲ့သို့အရာများ ဖြန့်ကျက်နေသည်ဆိုလျှင်တော့ တိုက်ခိုက်မှုကို ဥပဒေအရဖြစ်စေ၊ အများပြည်သူကြားဖြစ်စေ ထုတ်ဖော်ရှုံ့ချမှု နှင့် အကြောင်းအရာများကို အွန်လိုင်းမှ ဖြုတ်ချပေးရန် တောင်းဆိုမှုတို့ အောင်မြင်နိုင်ခြေပိုများပြီး တိုက်ခိုက်သူ မည်သူဖြစ်သည်ဆိုသည်ကိုလည်း ဖော်ထုတ်နိုင်ခြေပိုများသည်။ သို့ရာတွင် ဤသို့သော တိုက်ခိုက်မှုသည် မိမိတစ်ဦးတည်းကို ပြင်းထန်စွာပစ်မှတ်ထားခြင်းလည်း ဖြစ်နိုင်သောကြောင့် ပိုမိုအန္တရာယ်များသည်ဆိုသည့် စိတ်ခံစားမှုမျိုးလည်း ပိုမိုခံစားရစေနိုင်သည်။ ဤသို့သော တိုက်ခိုက်မှုများ တွေ့ကြုံနေရပါက မိမိကိုယ်ကိုစောင့်ရှောက်ခြင်း နှင့် မိမိ၏လုံခြုံရေးတို့ကို အရေးအကြီးဆုံး ဦးစားပေးအရာများအဖြစ် သတ်မှတ်ဆောင်ရွက်ရပါမည်။
နောက်ထပ်ဥပမာတစ်ခုမှာ domain အတုများဖန်တီးအသုံးချခြင်းဖြစ်သည်။ အနှောင့်အယှက်များသည် အမှန်တကယ်တည်ရှိသော ဝဘ်ဆိုဒ်တစ်ခု သို့မဟုတ် လူမှုကွန်ယက်ပရိုဖိုင်းတစ်ခုနှင့် ဆင်တူသည့် အတုအပများကို ဖန်တီးအသုံးချနိုင်သည်။ သင်သည်ဤကဲ့သို့သော ပြဿနာကို ရင်ဆိုင်နေရပါက ဒစ်ဂျစ်တယ်ရှေးဦးသူနာပြုလမ်းညွှန်၏ တစ်စုံတစ်ယောက်က ကျွန်ုပ်ပုံစံ အွန်လိုင်းတွင် အယောင်ဆောင်နေသည် အပိုင်းတွင် ဆက်လက်လေ့လာပါ။
ဤကဲ့သို့သော တိုက်ခိုက်မှုများသည် သာမန်ထက်ပို၍ ခေတ်မီဆန်းသစ်သောကြောင့် တိုက်ခိုက်သူများ၏ နောက်ကွယ်တွင် အင်အားကြီးသည့် စုဖွဲ့မှု၊ ထောက်ပံ့ပို့ဆောင်မှု၊ ငွေကြေးထောက်ပံ့မှုနှင့် အချိန်ယူပြင်ဆင်မှုတို့ ရှိသည်ဟုလည်း ယူဆနိုင်ပါသည်။ ဤသို့ဆိုလျှင် တိုက်ခိုက်မှုများ၏ နောက်ခံအကြောင်းအရင်းနှင့် ဖြစ်နိုင်ခြေရှိသော ကျူးလွန်သူများကို ပိုမိုမှန်းဆ၍လည်း ရနိုင်ပါသည်။
သင့်ကိုမည်သူက တိုက်ခိုက်နေသည်နှင့် မည်ကဲ့သို့ဆောင်ရွက်နေသည်ဆိုသည်ကို ပိုမိုမှန်းဆ၍ ရနိုင်လာပြီလား?
notify-take-down
သတိပြုရန် အသရေဖျက်သည့်အကြောင်းအရာများကို ဖြုတ်ချပေးရန် ပလက်ဖောင်းသို့ မတောင်းဆိုမီ တိုက်ခိုက်မှုများကိုမှတ်တမ်းတင်ခြင်း ဆောင်ရွက်ရန် စဉ်းစားပါ။ အကယ်၍ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ရန် စဉ်းစားနေပါက ဥပဒေရေးရာ ကိစ္စများအတွက်မှတ်တမ်းတင်ခြင်း အပိုင်းတွင်ပါသည့် သတင်းအချက်အလက်များကို ဆက်လက်လေ့လာသင့်ပါသည်။
ပလက်ဖောင်းတစ်ခုခြင်းစီ၏ ဝန်ဆောင်မှုဆိုင်ရာ သတ်မှတ်ချက်များတွင် မည်ကဲ့သို့သော ဖြုတ်ချရန် တောင်းဆိုမှုများသည် အကျုံးဝင်သည်ဆိုသည်ကို ရှင်းပြထားပါလိမ့်မည်။ ဥပမာ သင်ပိုင်ဆိုင်သော အကြောင်းအရာတစ်ခု၏ မူပိုင်ခွင့်ချိုးဖောက်သော အကြောင်းအရာများဆိုလျှင် တိုင်ကြားနိုင်ပါသည်။ သင့်အနေဖြင့် ဓာတ်ပုံရိုက်ခြင်း၊ စာရေးခြင်း၊ သီချင်းဖွဲ့သီခြင်း၊ ဗီဒီရိုဖန်တီးခြင်း စသည်ဖြင့် ကိုယ်ပိုင်အကြောင်းအရာတစ်ခုကို စတင်ဖန်တီးလိုက်သည်နှင့် ထိုအကြောင်းအရာပေါ်တွင် သင်မူပိုင်ခွင့်ရှိသည်ဟု အလိုအလျောက်သတ်မှတ်သည်။ သို့ရာတွင် ယင်းအကြောင်းအရာကို သင်ကိုယ်တိုင်ဖန်တီးခဲ့ရမည်ဖြစ်ပြီး အကြောင်းအရာထဲတွင် သင်ပါဝင်နေရုံဖြင့် မလုံလောက်ပါ။
အသရေဖျက်လှုံ့ဆော်မှုကမ်ပိန်းတွင် ပါသည့် အကြောင်းအရာအပေါ် မူပိုင်ခွင့်ကို သင်ပိုင်ဆိုင်ပါသလား?
set-record-straight
သင့်ဘက်က ဖြစ်ရပ်မှန်ကို ဖော်ထုတ်ချပြခြင်းသည်လည်း အမြဲအရေးကြီးသည်။ သင့်ကိုတိုက်ခိုက်သော အသရေဖျက်လှုံ့ဆော်မှုကမ်ပိန်းသည် ကျယ်ပြန့်စွာပြန့်နှံ့နေပြီး သင့်နာမည်ဂုဏ်သတင်းကို ကြီးမားစွာထိခိုက်စေသည်ဆိုပါက အကြောင်းအရာအမှန်အကန်ဖြင့် ပြန်လည်ဖြေရှင်းခြင်းရန် ပိုမိုအရေးတကြီးလိုအပ်နိုင်ပါသည်။ သို့ရာတွင် အများပြည်သူထံ ဖော်ထုတ်ချပြခြင်းသည် အကောင်းဆုံးနည်းလမ်းဟုတ်မဟုတ် ဆုံးဖြတ်နိုင်ရန် အသရေဖျက်လှုံ့ဆော်မှုကမ်ပိန်း၏ အကျိုးသက်ရောက်မှုကို အရင်ဆန်းစစ်ရန်လိုသည်။
အသရေဖျက်သည့် အကြောင်းအရာများနှင့် ကျူးလွန်သူများကို အွန်လိုင်းပလက်ဖောင်း ဝန်ဆောင်မှုပေးသူများထံ တိုင်ကြားခြင်းအပြင် မိမိဘက်ကဖြစ်ရပ်မှန်ကို ရှင်းပြပေးခြင်း၊ သတင်းအမှားများသည် မှားယွင်းနေကြောင်း သက်သေပြခြင်း၊ ကျူးလွန်သူများကို အများပြည်သူကြား ရှုံ့ချခြင်း၊ အမှန်ကို ဇောင်းပေးပြောကြားခြင်း စသည်ဖြင့် လုပ်ဆောင်နိုင်ပါသည်။ သင့်ကို ကူညီပေးနိုင်မည့် အသိုင်းအဝိုင်းနှင့် အများပြည်သူနှင့် ဆက်သွယ်ပြောဆိုပါက သင့်အပေါ်ကျရောက် လာနိုင်သည့် ဖြစ်နိုင်ခြေအန္တရာယ်တို့အပေါ် မူတည်ပြီး တုံ့ပြန်မှုပုံစံ ကွဲပြားပါလိမ့်မည်။
သင့်အားဝိုင်းဝန်းကူညီနိုင်သည့် အသိုင်းအဝိုင်း၊ စုဖွဲ့မှုတစ်ခု သင့်တွင်ရှိပါသလား?
legal-complaint
တရားရေးအရဖြေရှင်းရန် သက်သေအထောက်အထားများကို စုဆောင်းခြင်း၊ စီစဉ်ထားရှိခြင်းနှင့် တရားရုံးသို့တင်ပြခြင်းတို့ ပြုလုပ်သည့်အခါ ယင်းသက်သေအထောက်အထားများကို တရားခွင်တွင် လက်ခံရန် လိုက်နာရမည့် တိကျသောလုပ်ငန်းစဉ်များရှိပါသည်။ အွန်လိုင်းတိုက်ခိုက်မှုတစ်ခု အကြောင်း သက်သေတင်ပြသောအခါ screenshot ရိုက်ယူထားခြင်းဖြင့် မလုံလောက်ပါ။ ဥပဒေကြောင်းအရ ဖြေရှင်းရန် ရှေ့နေနှင့် ချိတ်ဆက်ခြင်းမပြုမီ ဒစ်ဂျစ်တယ်ရှေးဦးသူနာပြုလမ်းညွှန်မှ ပြုစုထားသည့် တရားရုံးတွင်တင်ပြနိုင်ရန် တိုက်ခိုက်မှုဆိုင်ရာ သတင်းအချက်အလက်များကို မှတ်တမ်းတင်မှတ်သားခြင်း အပိုင်းတွင် သွားရောက်လေ့လာရန် အကြံပြုပါသည်။
သင်ဘာဆက်လုပ်လိုပါသနည်း?
ignore-silence
အချို့အခြေအနေများတွင်၊ အထူးသဖြင့် အသရေဖျက်လှုံ့ဆော်မှုကမ်ပိန်း၏ ပြန့်နှံ့မှုနှင့် အကျိုးသက်ရောက်မှု အလွန်နည်းသည် ဆိုပါက တိုက်ခိုက်သူများကို လျစ်လျူရှုပြီး မိမိထံစာဝင်မှုများကို ပိတ်ထားလိုက်ခြင်းက ပိုကောင်းနိုင်ပါသည်။ ဤသို့ဆောင်ရွက်ခြင်းသည် မိမိကိုယ်ကိုဂရုစိုက်ရန်အတွက်လည်း အရေးကြီးသည့် အဆင့်တစ်ခုဖြစ်နိုင်သည်။ အရေးကြီးသည့်အခြေအနေများ ပေါ်ပေါက်ခဲ့သည်ရှိသော် ချက်ချင်းသိနိုင်ရန် သင့်သူငယ်ချင်းမိတ်ဆွေများအား အွန်လိုင်းကမ်ပိန်းအခြေအနေကို ဝိုင်းဝန်းစောင့်ကြည့်ပေးရန် အကူအညီတောင်းနိုင်သည်။ ဤကဲ့သို့ လျစ်လျူရှုထားခြင်းသည် အကြောင်းအရာများကို မဖျက်ပစ်သည့်အတွက် နောက်ပိုင်းတွင် အကြောင်းအရာများကို မှတ်တမ်းတင်ခြင်း၊ ပြန်လည်ကြည့်ရှုသုံးသပ်ခြင်းများ ပြုလုပ်နိုင်ပါသည်။
သင် လျစ်လျူရှု silence လုပ်လိုသော အသရေဖျက်သည့် အကြောင်းအရာသည် မည့်သည့်နေရာတွင် ပြန့်နှံ့နေပါသနည်း?
copyright
မူပိုင်ခွင့်ချိုးဖောက်သော အကြောင်းအရာများကို ဖြုတ်ချရန် Digital Millennium Copyright Act (DMCA) ကဲ့သို့သော မူပိုင်ခွင့်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို မှီငြမ်းနိုင်သည်။ ဆိုရှယ်မီဒီယာပလက်ဖောင်း အများစုသည် မူပိုင်ခွင့်ချိုးဖောက်မှုများကို တိုင်ကြားရန် ဖောင်များ ထားပေးလေ့ရှိပြီး ဥပဒေနှင့် တိုက်ရိုက်ငြိစွန်းသည့် ကိစ္စဖြစ်နေသည့်အတွက် မူပိုင်ခွင့်ချိုးဖောက်သည့်အကြောင်းအရာများဖြုတ်ချရန် တိုင်ကြားခြင်းကို အခြားကိစ္စများထက်ပိုမိုလျင်မြင်စွာ တုံ့ပြန်အရေးယူနိုင်ခြေရှိသည်။
သတိပြုရန် အကြောင်းအရာတစ်ခုကို ဖြုတ်ချရန် တောင်းဆိုခြင်းမပြုမီ အမြဲတစေ မှတ်တမ်းတင်မှတ်သားထားပါ။ ဥပဒေကြောင်းအရ ဖြေရှင်းရန် စဉ်းစားနေသည် ဆိုလျှင် တရားရုံးတွင်တင်ပြနိုင်ရန် မှတ်တမ်းတင်မှတ်သားခြင်း အပိုင်းတွင် သွားရောက်လေ့လာရန် အကြံပြုပါသည်။
အောက်ပါ link များကိုအသုံးပြု၍ မူပိုင်ခွင့်ချိုးဖောက်မှုများကို ဖြုတ်ချပေးရန် အဓိကလူမှုကွန်ယက်ပလက်ဖောင်းများသို့ တောင်းဆိုနိုင်ပါသည်။
သင်၏တောင်းဆိုမှုများကို ပလက်ဖောင်းဘက်မှ တုံ့ပြန်ရန် အချိန်အနည်းငယ်ကြာနိုင်သည်ကို သတိပြုပါ။ ဤစာမျက်နှာပေ့ချ်ကို သင်၏ bookmarks တွင်သိမ်းဆည်းပြီး ရက်အနည်းငယ်အတွင်း လုပ်ငန်းစဉ်ကို ပြန်လာကြည့်နိုင်ပါသည်။
အကြောင်းအရာဖြုတ်ချပေးရန် တိုင်ကြားခြင်းနှင့် ဝန်ဆောင်မှုပေးသူဘက်မှ တိုင်ကြားမှုကို ဆန်းစစ်ခြင်းတို့ ပြီးမြောက်ပါပြီလား?
report-defamatory-content
အသရေဖျက်မှုအကြောင်းအရာကို တိုင်ကြားရန်အတွက် အထူးလုပ်ငန်းစဉ်သည် ပလက်ဖောင်းအားလုံးတွင် မရှိပါ။ အချို့ပလက်ဖောင်းများသည် အကြောင်းအရာများကို ဖြုတ်ချပေးရန် တရားလမ်းကြောင်းအရ အရေးယူမှု အရင်လိုအပ်တတ်သည်။ အသရေဖျက်မှုအကြောင်းအရာကို တိုင်ကြားရန် ပလက်ဖောင်းတစ်ခုစီတွင် ထားရှိသော လမ်းကြောင်းများကို အောက်တွင် ဆက်လက်လေ့လာနိုင်ပါသည်။
သင်၏တောင်းဆိုမှုများကို ပလက်ဖောင်းဘက်မှ တုံ့ပြန်ရန် အချိန်အနည်းငယ်ကြာနိုင်သည်ကို သတိပြုပါ။ ဤစာမျက်နှာပေ့ချ်ကို သင်၏ bookmarks တွင်သိမ်းဆည်းပြီး ရက်အနည်းငယ်အတွင်း လုပ်ငန်းစဉ်ကို ပြန်လာကြည့်နိုင်ပါသည်။
အကြောင်းအရာဖြုတ်ချပေးရန် တိုင်ကြားခြင်းနှင့် ဝန်ဆောင်မှုပေးသူဘက်မှ တိုင်ကြားမှုကို ဆန်းစစ်ခြင်းတို့ ပြီးမြောက်ပါပြီလား?
silence-email
အချို့အီးမေးလ်များကို ဝင်စာအနေဖြင့် inbox တွင် မမြင်လိုပါက ဝင်စာများကို စိစစ် (filter)၍ tag တွဲပေးခြင်း၊ မော်ကွန်းဖိုင်အဖြစ်သိမ်းဆည်းပေးခြင်း၊ ဖျက်ပေးခြင်း စသည်တို့ကို အလိုအလျောက် လုပ်ဆောင်ပေးသည့် လုပ်ငန်းစဉ်များ အီးမေးလ်ဝန်ဆောင်မှု အများစုတွင် ပါရှိသည်။ အများအားဖြင့် အီးမေးလ်များကို ပေးပို့သူ၊ လက်ခံရရှိသူ၊ ရက်စွဲ၊ စာအရွယ်အစား၊ ပူးတွဲဖိုင်များ၊ အကြောင်းအရာ သို့မဟုတ် အဓိကစကားလုံးများ စသည် တို့အလိုက် စိစစ်ပေးရန် စည်းမျဉ်းများ ဖန်တီးနိုင်သည်။
ဝဘ်အီးမေးလ်များတွင် filter ဖန်တီးသော နည်းလမ်းများကို အောက်တွင် ဆက်လက်လေ့လာနိုင်ပါသည်။
အီးမေးလ်ဝန်ဆောင်မှုများတွင် filter ဖန်တီးသော နည်းလမ်းများကို အောက်တွင် ဆက်လက်လေ့လာနိုင်ပါသည်။
အခြားပလက်ဖောင်းတစ်ခုပေါ်တွင် အသရေဖျက်မှုအကြောင်းအရာကို အသံပိတ် silence လုပ်လိုပါသလား?
silence-twitter
အချို့စာများကို မမြင်တွေ့လိုပါက စာပေးပို့သည့် သုံးစွဲသူများကို ပိတ်ပင်ရန် block လုပ်ခြင်းနှင့် သုံးစွဲသူများ၊ စာများကို အသံပိတ်ရန် silence လုပ်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ သုံးစွဲသူနှင့် အကြောင်းအရာများကို block လုပ်ပါက အသရေဖျက်သည့် အကြောင်းအရာကို မှတ်တမ်းတင်မှတ်သား ရန် ယင်းအကြောင်းအရာကို ဝင်ရောက်ကြည့်ရှုခြင်း ပြုနိုင်မည် မဟုတ်သည်ကို သတိပြုပါ။ ဤသို့ဆိုလျှင် ယင်းအကြောင်းအရာများကို အခြားအကောင့်တစ်ခုမှ ဝင်ရောက်ကြည့်ခြင်း သို့မဟုတ် အသံပိတ် silence ပြုလုပ်ခြင်းတို့က ပို၍ကောင်းမွန်နိုင်ပါသည်။
အခြားပလက်ဖောင်းတစ်ခုပေါ်တွင် အသရေဖျက်မှုအကြောင်းအရာကို အသံပိတ် silence လုပ်လိုပါသလား?
silence-facebook
Facebook တွင် အသုံးပြုသူများနှင့် အကြောင်းအရာများကို အသံပိတ် mute လုပ်၍မရသော်လည်း သုံးစွဲသူ ပရိုဖိုင်းများနှင့် စာမျက်နှာများကို block လုပ်၍ပိတ်ပင်ခွင့်ပြုထားသည်။
အခြားပလက်ဖောင်းတစ်ခုပေါ်တွင် အသရေဖျက်မှုအကြောင်းအရာကို အသံပိတ် silence လုပ်လိုပါသလား?
silence-instagram
Instagram ပေါ်တွင် သုံးစွဲသူများနှင့် စကားပြောဆိုမှုများကို အသံပိတ် silence လုပ်ရန် နည်းလမ်းများကို အောက်တွင် ဆက်လက်ဖတ်ရှုပါ။
အခြားပလက်ဖောင်းတစ်ခုပေါ်တွင် အသရေဖျက်မှုအကြောင်းအရာကို အသံပိတ် silence လုပ်လိုပါသလား?
silence-youtube
သင်သည် YouTube ကို သင့်ကွန်ပျူတာဘရောင်ဇာမှ ဝင်ကြည့်ခြင်းဖြစ်ပါက ဗီဒီရိုများ၊ ချယ်နယ်လိုင်းများ၊ အပိုင်းများနှင့် ကြည့်ရန်စာရင်းများကို သင့် home page မှတစ်ဆင့် ဖျက်ပစ်နိုင်ပါသည်။
အခြားကြည့်ရှုသူများကို သင့် YouTube တိုက်ရိုက်ထုတ်လွှင့်သည့် စကားပြောများမှ block လုပ်ရန် သင့် YouTube ပရိုဖိုင်းတွင် block စာရင်း ဖန်တီးနိုင်ပါသည်။
အခြားပလက်ဖောင်းတစ်ခုပေါ်တွင် အသရေဖျက်မှုအကြောင်းအရာကို အသံပိတ် silence လုပ်လိုပါသလား?
silence-whatsapp
WhatsApp သည်လည်း အသရေဖျက်လှုံ့ဆော်မှု ကမ်ပိန်းများအတွေ့များသည့် ပလက်ဖောင်းတစ်ခုဖြစ်သည်။ စာပို့သူနှင့် စာလက်ခံရရှိသူအကြား ယုံကြည်မှုရှိသော ဆက်ဆံရေးရှိတတ်သည့်အတွက် သတင်းပြန့်နှံ့မှု လျင်မြန်တတ်သည်။
အခြားပလက်ဖောင်းတစ်ခုပေါ်တွင် အသရေဖျက်မှုအကြောင်းအရာကို အသံပိတ် silence လုပ်လိုပါသလား?
silence-tiktok
TikTok ပေါ်တွင် သုံးစွဲသူများကို block လုပ်ခြင်း၊ သင့်ဗီဒီရိုများပေါ်တွင် အခြားသုံးစွဲသူများမှ comment ပေးခြင်းကို တားဆီးခြင်း၊ သင့်ဗီဒီရိုများအောက်ရှိ comment များကို အလိုအလျောက်ဖျက်ရန် စိစစ်ခြင်း၊ တိုက်ရိုက်စာပေးပို့မှုများကို စိစစ်၍ mute လုပ်ခြင်းများ လုပ်ခွင့်ပေးထားပါသည်။
အခြားပလက်ဖောင်းတစ်ခုပေါ်တွင် အသရေဖျက်မှုအကြောင်းအရာကို အသံပိတ် silence လုပ်လိုပါသလား?
silence-reddit
အကယ်၍ အသရေဖျက်လှုံ့ဆော်မှုကမ်ပိန်းသည် Reddit ပေါ်တွင် ပြန့်နှံ့နေသည်ဆိုလျှင် ပြန့်နှံ့နေသည့် အသိုက်အဝန်း community များကို သင်၏ အကြောင်းကြားစာများ၊ Home feed (အကြံပြုချက်များအပါအဝင်)၊ သင့် Reddit ၏ Popular feed နှင့် reddit.com ကွန်ပျူတာဆိုဒ်ပေါ်တွင် ပေါ်မလာအောင် ဖယ်ရှားရှင်းလင်းနိုင်ပါသည်။ သင်သည် ကြားနေဖျန်ဖြေသူ moderator ဖြစ်ပါက သင့် အသိုက်အဝန်း၏ စည်းမျဉ်းများကို အကြိမ်ကြိမ်အခါခါ ချိုးဖောက်သည့် သုံးစွဲသူများကို အသုံးပြုခွင့်ပိတ်ခြင်း၊ အသံပိတ် mute လုပ်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ .
အခြားပလက်ဖောင်းတစ်ခုပေါ်တွင် အသရေဖျက်မှုအကြောင်းအရာကို အသံပိတ် silence လုပ်လိုပါသလား?
campaign-team
သင့်ကိုတိုက်ခိုက်သည့် အသရေဖျက်လှုံ့ဆော်မှု ကမ်ပိန်းတစ်ခုသည် အချိန်နှင့်အရင်းမြစ်များစွာ အသုံးချနေသည်ဆိုပါက နှောင့်ယှက်ကျူးလွန်သူများသည် သင့်ကို တိုက်ခိုက်လိုသည့် အကြောင်းရင်း ကြီးကြီးမားမားတစ်ခု ရှိနေနိုင်သည်။ ထိခိုက်မှု အတိုင်းအတာ လျှော့ချရန်နှင့် သင့်ကိုကာကွယ်ပေးနိုင်မည့် အများပြည်သူဆိုင်ရာ ကမ်ပိန်းတစ်ခု တည်ဆောက်ရန် ဤလုပ်ငန်းစဉ်တွင် ဖော်ပြုထားသည့် နည်းဗျူဟာအားလုံးကို အသုံးချရနိုင်ပါသည်။ သူငယ်ချင်းအသိမိတ်ဆွေများ၊ သင့်ကိုထောက်ခံသူများတို့သည် သင့်ကိုယ်စိတ်ကျန်းမာရေးကို အဓိကထားစောင့်ရှောက်ရန်အတွက် အထောက်အကူဖြစ်နိုင်ပြီး ၎င်းတို့အနေဖြင့် မက်ဆေ့ချ်များကို လေ့လာဆန်းစစ်ခြင်း၊ တိုက်ခိုက်မှုများကို မှတ်တမ်းမှတ်သားပေးခြင်း၊ အသရေဖျက် အကြောင်းအရာများနှင့် ပရိုဖိုင်းများကို သတင်းပို့တိုင်ကြားခြင်းတို့ ဆောင်ရွက်ပေးခြင်းဖြင့် သင့်အား ကူညီထောက်ပံ့ပေးနိုင်ပါသည်။
သင့်ကို ကူညီထောက်ပံ့မည့် ကမ်ပိန်းအဖွဲ့သည် သင့်ကိုအသရေဖျက်ရန် အသုံးပြုသည့် အကြောင်းအရာများကို တန်ပြန်တုံ့ပြန်ရန် အကောင်းဆုံးနည်းလမ်းကို အတူတကွရှာဖွေနိုင်ပါသည်။ ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားသော မှားယွင်းသည့် သတင်းအချက်အလက်များသည် မသိမသာနှင့်ဆိုးရွားသည့် အကျိုးဆက်များ ပေါ်ပေါက်စေနိုင်သောကြောင့် တိုက်ခိုက်သူဖြန့်ချီနေသည့် မက်ဆေ့ချ်အမှားများကို မိမိတို့အနေဖြင့် ထပ်မံထည့်သွင်းမျှဝေခြင်း မပြုမိစေရန် အရေးကြီးသည်။ သင့်ဖြစ်ရပ်မှန်ဇာတ်လမ်းကို အသားပေးပြောဆိုခြင်း နှင့် ကောလဟာလသတင်းအမှားများကို ပြန်လည်ခြေဖျက်မှုနှစ်ခုကြား ဟန်ချက်ညီရန် အရေးကြီးသည်။
အများပြည်သူဆိုင်ရာ ကမ်ပိန်းတစ်ခု မစတင်မီ သင့်နှင့် သင့်ကိုကူညီပေးမည့်သူများ၊ အဖွဲ့အစည်းများအပေါ် ကျရောက်လာနိုင်သည့် အန္တရာယ်ဖြစ်နိုင်ခြေဆန်းစစ်မှု ပြုလုပ်ရန် မဖြစ်မနေအရေးကြီးသည်။
သင့်အားတိုက်ခိုက်သည့် မက်ဆေ့ချ်များကို လေ့လာဆန်းစစ်ခြင်းအပြင် သင်နှင့် သင့်အဖွဲ့သည် သင့်နောက်ခံနောက်ကြောင်းကို သိရှိပြီး သင့်အလုပ်အကြောင်း အကောင်းဘက်မှ အသားပေးပြောဆိုပေးနိုင်သော၊ သို့မဟုတ် အသရေဖျက်လှုံ့ဆော်မှုကို သတင်းမြုပ်သွားစေလောက်သော ကောင်းမွန်သည့်သတင်းများ ဖန်တီးဖြန့်ဝေ ပေးနိုင်သော အဖွဲ့အစည်းနှင့်မဟာမိတ်များစာရင်း ကိုလည်း စတင်ရေးဆွဲပြုစုသင့်ပါသည်။
တိုက်ခိုက်ခံရသူများသည် သင်နှင့် သင့်အဖွဲ့အစည်းအပြင် အခြားသူများလည်းရှိနိုင်ပါသေးသည်။ အသရေဖျက်လှုံဆော်မှု ကမ်ပိန်း၏ တိုက်ခိုက်မှုခံနေရသော၊ ခွဲခြားဆက်ဆံခြင်းခံနေရသော အခြား အဖွဲ့အစည်းများ၊ အသိုက်အဝန်းများနှင့်လည်း ယုံကြည်မှုတည်ဆောက်ရန် စဉ်းစားသင့်ပါသည်။ ၎င်းအသိုက်အဝန်း များမှ အဖွဲ့ဝင်များအား အငြင်းပွားဖွယ် အကြောင်းအရာများကို တုံ့ပြန်ဖြေရှင်းတတ်စေရန် ပြင်ဆင်ပေးခြင်း၊ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်စေရန် ရင်းမြစ်များ မျှဝေပေးခြင်းတို့ဖြင့် လက်တွဲဆောင်ရွက်သင့်ပါသည်။
သင့်အပေါ်စွပ်စွဲပြောဆိုမှုများကို ပြန်ရည်ညွှန်းခြင်းမပြုဘဲ ထွက်ရှိနေသော ကောလဟာလသတင်းအမှားများကို ပြန်လည်ခြေဖျက်လိုသလား၊ ကောင်းသတင်းများကို ဇောင်းပေးဖော်ပြလိုသလား စသည်တို့အပေါ်မူတည်၍ မည်သည့် မက်ဆေ့ချ်နှင့် အကြောင်းအရာများ မျှဝေလိုသည်ကို သင့်အဖွဲ့နှင့် အချိန်ယူ၍ တိုင်ပင်ဖော်ထုတ်ပါ။ အားလုံးအနေဖြင့် အမှန်တကယ်အချက်အလက်များနှင့် ကောလဟာလများကြား ပိုမိုကျွမ်းကျွမ်းကျင်ကျင် ခွဲခြားနိုင်စေရန် အများပြည်သူဆိုင်ရာကမ်ပိန်းများတွင် ရိုးရှင်းသော စံတန်ဖိုးများအပေါ်အခြေခံသည့် မက်ဆေ့ချ်များအသုံးပြုခြင်းသည် ပို၍ထိရောက်ပါသည်။
အများပြည်သူဆိုင်ရာ သို့မဟုတ် သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်များမထုတ်မီ သင့်ကမ်ပိန်းတွင် ပြောဆိုပိုင်ခွင့်ရှိသူ spokespeople များ စုံစုံလင်လင်ရွေးချယ်ခြင်း၊ ပြင်ဆင်ခြင်းတို့ ပြုလုပ်သင့်သည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့် လူတစ်ဦးတစ်ယောက်ကို ဦးတည်၍တိုက်ခိုက်မှုများ၊ အထူးသဖြင့် လိင်ဖြစ်တည်မှုအပေါ် အခြေတည်သည့် သတင်းအမှားများကို လမ်းကြောင်းလွှဲရန် အထောက်အကူပြုလိမ့်မည်။
သင့်ကမ်ပိန်းပိုမိုထိရောက်မှုရှိစေရန် မီဒီယာစောင့်ကြည့်လေ့လာရေးစနစ်တစ်ခု တည်ဆောက်၍ သင့်ကမ်ပိန်းနှင့် သင့်အားတိုက်ခိုက်သူများ၏ ကမ်ပိန်းတို့ကြား မည်သည့် မက်ဆေ့ချ်များသည် ပစ်မှတ်ကို အရင်ရောက်ရှိသည်ဆိုသည်ကို ခြေရာခံလေ့လာသင့်သည်။ ရလာဒ်အပေါ်အခြေခံ၍ သင့်ကမ်ပိန်းကို ပိုမိုကောင်းမွန်လာ အောင်ပြင်ဆင်နိုင်သည်။
အသရေဖျက်သည့် အကြောင်းအရာသည် သတင်းစာနှင့် ဂျာနယ်စာစောင်များတွင် ပါလာခဲ့သည်ရှိသော် သင့်ကမ်ပိန်းအဖွဲ့သည် ပြန်လည်တုံ့ပြန်ချေပခွင့် တောင်းဆို၍ သတင်းမှန်စစ်ဆေးရေးဆိုဒ် များကို အသုံးပြုပြီး သင့်တောင်းဆိုမှု ပိုမိုခိုင်မာလာအောင် ဆောင်ရွက်နိုင်ပါသည်။
သင့်နာမည်ဂုဏ်သတင်းထိခိုက်မှုကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု ထင်ပါသလား?
self-campaign
သင့်တွင် ကူညီထောက်ပံ့မည့်အဖွဲ့တစ်ဖွဲ့ မရှိပါက ထပ်မံဆောင်ရွက်ရမည့် နောက်အဆင့်များကို စဉ်းစားသည့်အခါ လုပ်ဆောင်နိုင်စွမ်းနှင့် အရင်းအမြစ် အကန့်အသတ်များကို ထည့်သွင်းစဉ်းစားပြီး မိမိကိုယ်ကိုစောင့်ရှောက်မှု ကို ရှေ့တန်းတင်သင့်ပါသည်။ သင့်ဆိုရှယ်မီဒီယာပရိုဖိုင်း သို့မဟုတ် ဝဘ်ဆိုဒ်တို့မှလည်း ဖြေရှင်းချက်စာတန်း ထုတ်ပြန်ရန် စီစဉ်နိုင်ပါသည်။ ဤသို့မထုတ်ပြန်မီ ၎င်းအကောင့်များသည် သင်၏ အပြည့်အဝထိန်းချုပ်မှု အောက်တွင်ရှိသလား ပြန်စစ်ပါ။ သင့်ထုတ်ပြန်ချက်တွင် သင်သွားနေသည့်လမ်းကြောင်းနှင့် ယင်းကို ထောက်ခံပေးနိုင်မည့် ယုံကြည်စိတ်ချရသော ရင်းမြစ်များကို ရည်ညွှန်းနိုင်ပါသည်။ သင်၏ အသရေဖျက်လှုံ့ဆော်မှုကမ်ပိန်းလေ့လာဆန်းစစ်ချက် မှတစ်ဆင့် သင်ထုတ်ပြန်လိုသည့် ထုတ်ပြန်ချက်အမျိုးအစားအတွက် အသုံးဝင်သည့်အရာများတွေ့ရှိနိုင်ပါသည်။ ဥပမာ တိုက်ခိုက်မှုတွင် သတင်းရင်းမြစ်များကို ရည်ညွှန်းထားသလား ပြန်လည်ဆန်းစစ်နိုင်ပါသည်။
အသရေဖျက်သည့် အကြောင်းအရာသည် သတင်းစာ သို့မဟုတ် ဂျာနယ်စာစောင်များတွင်လည်း ပါလာသလား?
self-strategies
အကယ်၍ အသရေဖျက်သည့်သတင်းအချက်အလက်ကို ပုံနှိပ်ထုတ်ဝေခဲ့သည်ရှိသော် သတင်းစာတိုက်၏ ပုံနှိပ်ပေါ်လစီ သို့မဟုတ် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေအရ သင့်တွင် ပြန်လည်တုံ့ပြန်ခွင့် သို့မဟုတ် အမှားပြင်ဆင်ခွင့် ရှိနိုင်သည်။ ဤသို့ဆိုလျှင် သင့်ကိုယ်ပိုင်မီဒီယာမှသာမက နောက်ထပ်ထုတ်ပြန်ချက်များ ထုတ်ပြန်နိုင်မည့်၊ အခြားဖြန့်ချီခဲ့သည့် ထုတ်ပြန်ချက်များနှင့် ချိတ်ဆက်နိုင်စေမည့် နောက်ထပ်ပလက်ဖောင်းတစ်ခု တိုးလာမည်ဖြစ်ပါသည်။
အကယ်၍ အသရေဖျက်မှု အကြောင်းအရာပါသည့် သတင်းမီဒီယာသည် ယုံကြည်ရသည့် အရင်းမြစ်မဟုတ်ခြင်း၊ အခြေအမြစ်မရှိသော သတင်းများကို မကြာခဏထုတ်ပြန်တတ်သည့် နေရာဖြစ်နေခြင်းတို့ ဖြစ်ပါက ဤအချင်းအရာကို သင်၏ ထုတ်ပြန်ကြေငြာချက်များတွင် ထည့်သွင်းထောက်ပြသင့်ပါသည်။
သင့်အကြောင်းပြန့်နှံနေသည့် မှားယွင်းသော အချက်အလက်များကို ပြန်လည်ချေပနိုင်ရန် ကူညီပေးနိုင်သော ဒေသန္တရအဆင့်၊ ဒေသအဆင့်နှင့် ကမ္ဘာလုံးဆိုင်ရာ အချက်အလက်မှန်ဆန်းစစ်ပေးသည် fact checkers များစွာရှိပါသည်။
အသရေဖျက်လှုံ့ဆော်မှုကမ်ပိန်းအပေါ် ဒီထက်ပို၍ ကြီးမားသည့် တုံ့ပြန်မှုတစ်ခုဆောင်ရွက်ရမည်ဟု ထင်ပါသလား?
damage-control
အသရေဖျက်လှုံ့ဆော်မှကမ်ပိန်း၏ လေ့လာဆန်းစစ်မှုမှ မည်သည့်အရေးယူဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်ရမည် နှင့် ပတ်သက်သည့် အကြံကောင်းများ ပေါ်ထွက်လာနိုင်ပါသည်။ ဥပမာ သင့်ကိုတိုက်ခိုက်ရန် bot အလိုအလျောက် စာပေးပို့မှုများ အသုံးပြုထားသည်ရှိသော် အများပြည်သူသို့ချပြသည့် ထုတ်ပြန်ချက်တွင် ဤကိစ္စကို ထောက်ပြ၍ ကျူးလွန်သူများတွင် မသမာသောရည်ရွယ်ချက်များရှိကြောင်း မှန်းဆနိုင်ပါသည်။ အသရေဖျက်မှုအကြောင်းအရာကို ထပ်မံရည်ညွှန်းပြောဆိုခြင်း၊ တိုက်ရိုက်တုံ့ပြန်ခြင်း မပြုလုပ်လိုဘူးဆိုပါကလည်း မိမိသွားရာ လမ်းကြောင်းကို ချပြခြင်း၊ မိမိအသိုင်းအဝိုင်းမိတ်ဆွေများ၏ အကူအညီဖြင့် အမှန်တရားကို ဇောင်းပေးပြောကြားခြင်း၊ ကြေငြာခြင်းတို့ ပြုလုပ်နိုင်ပါသည်။
သင့်နာမည်ဂုဏ်သတင်းထိခိုက်မှုကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု ထင်ပါသလား?
physical-risk_end
သင်သည် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို စိုးရိမ်နေရပါက အောက်ပါအဖွဲ့အစည်းများထံ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ပါသည်။
:
defamation_end
သင်သည် အသရေဖျက်လှုံ့ဆော်မှုကမ်ပိန်းများကြောင့် နာမည်ဂုဏ်သိက္ခာကျဆင်းမှု ကြုံတွေ့နေရပါက အောက်ပါအဖွဲ့အစည်းများထံ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ပါသည်။
:
harassment_end
အကြောင်းအရာများကို ဖြုတ်ချရန် အကူအညီလိုပါက အောက်ဖော်ပြပါအဖွဲ့အစည်းများသို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ပါသည်။
:
legal_end
သင်သည် အသရေဖျက်လှုံ့ဆော်မှုကမ်ပိန်းများကြောင့် နာမည်ဂုဏ်သိက္ခာကျဆင်းမှု ကြုံတွေ့နေရပြီး တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းရန် အကူအညီလိုအပ်နေပါက အောက်ပါအဖွဲ့အစည်းများထံ ဆက်သွယ်နိုင်ပါသည်။
:
resolved_end
ဤပြဿနာဖြေရှင်းမှုလမ်းညွှန်သည် အသုံးဝင်ခဲ့လိမ့်မည်ဟု မျှော်လင့်ပါသည်။ ဝေဖန်အကြံပြုချက်များကို အီးမေးလ်မှတစ်ဆင့် ပို့ရန် တောင်းဆိုပါသည်။
final_tips
အသရေဖျက်လှုံ့ဆော်မှုအစီအစဉ်များ၏ ထိခိုက်မှုအန္တရာယ်ကို ထိန်းချုပ်ရန် အရေးကြီးသည့် နည်းလမ်းတစ်ခုသည် အနှောင်အယှက်ပေးသူများ၏ ရန်မှကာကွယ်ရန် သင့်အကောင့်များကို လုံလုံခြုံခြုံထားရှိခြင်း နှင့် သင့် သို့မဟုတ် သင့်အဖွဲ့အစည်းအကြောင်း သတင်းအချက်အလက် ပြန့်နှံ့မှုကို ဆန်းစစ်ခြင်းစသည့် ကောင်းမွန်သော အလေ့အကျင့်များ မွေးမြူရန်ဖြစ်သည်။ အောက်ပါ ကာကွယ်တားဆီးရေး နည်းလမ်းများကို အသုံးပြုရန် စဉ်းစားသင့်ပါသည်။
- အွန်လိုင်းပေါ်ရှိ သင့်အကြောင်းအရာများကို ရှာဖွေစစ်ဆေးပါ။ Self-doxing ဆိုသည်မှာ အခြားမသမာသူများက ရှာဖွေတွေ့ရှိ၍ သင့်အယောင်ဆောင်ရန် အသုံးပြုနိုင်သည့် သတင်းအချက်အလက်များ အွန်လိုင်းတွင် ရှိမရှိကို မိမိကိုယ်တိုင် ရှာဖွေစစ်ဆေးခြင်း ဖြစ်သည်။
- Google သတိပေးချက်များ ဖွင့်ထားပါ။ Google Search ပေါ်တွင် ခေါင်းစဉ်တစ်ခုနှင့် ပတ်သက်ပြီး ရလာဒ်အသစ်တစ်ခု တက်လာတိုင်း အီးမေးလ်ဖြင့် အသိပေးချက်ရရှိနိုင်သည်။ ဥပမာ သင့်နာမည် သို့မဟုတ် သင့်အဖွဲ့အစည်း/ အစုအဖွဲ့အမည် အင်တာနက်တွင် ဖော်ပြခံရတိုင်း အသိပေးချက်ရရှိနိုင်ပါသည်။
- သင့်အရေးအကြီးဆုံး အကောင့်များတွင် အဆင့်နှစ်ဆင့်ဖြင့် စစ်မှန်ကြောင်း သက်သေပြခြင်း (2FA) ကိုဖွင့်ထားပါ။ 2FA ဖွင့်ထားလျှင် အကောင့်ထဲဝင်ရန် နည်းလမ်းတစ်မျိုးထက်ပိုသုံးရမည်ဖြစ်သောကြောင့် ပိုမိုလုံခြုံစေပါသည်။ တစ်စုံတစ်ယောက်က သင့်အဓိကစကားဝှက်ကို ခိုးယူရရှိသွားလျှင်ပင် သင့်မိုဘိုင်းဖုန်း သို့မဟုတ် အခြားစစ်မှန်ကြောင်း သက်သေပြသည့်နည်းလမ်း လက်ဝယ်မရှိပါက သင့်အကောင့်ထဲ ဝင်လို့ရမည်မဟုတ်ပါ။
- ဆိုရှယ်ကွန်ယက်ပလက်ဖောင်းများပေါ်တွင် သင့်ပရိုဖိုင်းကို အတည်ပြုထားပါ။ အချို့ပလက်ဖောင်းများတွင် သင့် identity အစစ်အမှန်ကို အတည်ပြုပြီး သင့်အကောင့်နှင့် ချိတ်ဆက်ခြင်း ပြုခွင့်ပေးထားသည်။
- နောက်တွင် သက်သေအထောက်အထားအဖြစ်သုံးနိုင်ရန် သင့်ဝဘ်စာမျက်နှာ၏ ယခုပေါ်နေသည့် ပုံစံကို ဓာတ်ပုံရိုက်ယူထားပါ။ သင့်ဝဘ်ဆိုဒ်သည် crawler များအသုံးပြုခွင့်ပေးထားပါက archive.org ၏ Wayback Machine ကို အသုံးပြုနိုင်ပါသည်။ Internet Archive Wayback Machine ကိုသွားပြီး သင့်ဝဘ်ဆိုဒ်အမည်ကို "Save Page Now" ခေါင်းစဉ်အောက်ရှိ အကွက်တွင် ရိုက်ထည့်ကာ "Save Page Now" ခလုပ်ကိုနှိပ်ပါ။
resources