Someone is sharing my private information or media without my consent

သင့်ကို နှောင့်ယှက်သူများသည် တစ်ခါတစ်ရံတွင် သင်မည်သူမည်ဝါဖြစ်သည်ကို ဖော်ထုတ်သည့် သတင်းအချက်အလက်များ၊ သင့်ကိုယ်ရေးကိုယ်တာအဖြစ် လျှို့ဝှက်ထားသည့် ပုဂ္ဂလိကအကြောင်းအရာများကို ထုတ်ဝေဖြန့်ချီမှု ပြုနိုင်သည်။ ဤသို့လုပ်ဆောင်မှုကို "doxxing" သို့မဟုတ် "doxing" ("စာရွက်စာတမ်းများ ထုတ်ပြန်ခြင်း" အတိုကောက်အနေဖြင့်) လုပ်ခြင်းဟု ခေါ်သည်။

Doxxing ၏ရည်ရွယ်ချက်သည် ပစ်မှတ်ထားသူတစ်စုံတစ်ယောက်ကို အရှက်ရစေရန်၊ စိတ်ခြောက်ခြားစေရန် ဖြစ်သည်။ ဤကဲ့သို့ အဖြစ်အပျက်သည် သင်၏ စိတ်နေမှု psycho-social ကျန်းမာရေး၊ တစ်ကိုယ်ရေလုံခြုံရေး၊ အခြားသူများနှင့် ဆက်ဆံရေး၊ အလုပ်အကိုင်တို့အပေါ်တွင် ဆိုးရွားသောအကျိုးသက်ရောက်မှုများ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်စေနိုင်ပါသည်။

Doxxing ကို ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များ၊ သတင်းထောက်များ၊ လူ့အခွင့်အရေးကာကွယ်သူများနှင့် တက်ကြွလှုပ်ရှားသူများ စသည့်ပုဂ္ဂိုလ်များကို ခြောက်လှန့်ရန် အသုံးပြုလေ့ရှိသလို လိင်ဖြစ်တည်မှု လူနည်းစုတွင် ပါဝင်သူများ၊ အပယ်ခံလူနည်းစုများတွင် ပါဝင်သူများကိုလည်း ပစ်မှတ်ထားလေ့ရှိကြသည်။ Doxxing သည် အခြားအွန်လိုင်းနှင့် လိင်ဖြစ်တည်မှုအပေါ်မူတည်သည့် အကြမ်းဖက်ကျူးလွန်မှုများနှင့်လည်း ဆက်စပ်နေတတ်သည်။

သင့်အား doxxing လုပ်သူသည် သင်၏စာရွက်စာတမ်းများကို ရင်းမြစ်မျိုးစုံမှ ရယူနိုင်သည်။ သင့်ပုဂ္ဂလိက အကောင့်များနှင့် စက်ပစ္စည်းများထဲ ဖောက်ထွင်းဝင်ရောက်ခြင်းမှလည်း ရရှိနိုင်သည်။ သို့ရာတွင် သတင်းအချက်အလက်ကို ခိုးယူခြင်းမဟုတ်ဘဲ သင်မှ သင့်သူငယ်ချင်းများ၊ အသိမိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက် များသို့ တိုက်ရိုက်မျှဝေသည့် အချက်အလက်များနှင့် မီဒီယာများ ပေါက်ကြားခြင်း၊ ဆက်စပ်သိရှိရမည့် အခြေအနေများ ကိုဖျောက်၍ဖော်ပြခြင်းတို့လည်း လုပ်ဆောင်နိုင်သည်။ အချို့ကိစ္စများတွင် ဆိုရှယ်မီဒီယာနှင့် အများပြည်သူဆိုင်ရာ မှတ်တမ်းများမှ အများဝင်ရောက်ကြည့်ရှုနိုင်သော သတင်းအချက်အလက်များကို စုစည်း၍ အမြင်မှားစေမည့်နည်းလမ်းတစ်မျိုးဖြင့် ထုတ်ပြန်တင်ပြခြင်းကိုလည်း doxxing လုပ်ခြင်းအဖြစ် သတ်မှတ်နိုင်သည်။

သင်သည် doxxing လုပ်ခြင်းကြုံတွေ့နေရပါက နှောင့်ယှက်သူက သင့်သတင်းအချက်အလက်များကို ဘယ်နေရာက ရှာယူထားသည်၊ စာရွက်စာတမ်းများကို ရင်းမြစ်များမှဖယ်ရှားခြင်းအပါအဝင် ထိခိုက်မှုများကို မည်သို့ထိန်းချုပ်မည် စသည်တို့ကို ဖော်ထုတ်အဖြေရှာရန် အောက်ပါမေးခွန်းလွှာအတိုင်း လိုက်နာဆောင်ရွက် နိုင်ပါသည်။