သံသယဖြစ်စရာ မက်ဆေ့ချ်ကိုရရှိခဲ့သည်။

သင့်အနေနှင့် သံသယဖြစ်စရာမက်ဆေ့ခ်ျများကို သင်၏အီးမေးလ်စာအ၀င်များ၊ ဆိုရှယ်မီဒီယာအကောင့်များ နှင့်/သို့မဟုတ် စာပို့အက်ပလီကေးရှင်းများမှ ရရှိနိုင်သည်။ သံသယဖြစ်ဖွယ်အီးမေးလ်များ၏အများဆုံးပုံစံမှာ phishing အီးမေးလ် များဖြစ်သည်။ Phishing အီးမေးလ်များသည် သင်၏ကိုယ်ရေးကိုယ်တာ၊ ငွေကြေး သို့မဟုတ် အကောင့်အချက်အလက်များကို ဆုံးရှုံးစေရန်အတွက် လှည့်စားရန်ရည်ရွယ်သည်။ သူတို့ကသင့်အားဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်ရန် သို့မဟုတ် ဝန်ဆောင်မှုအတုဆီသို့ဝင်ရောက်ရန် တောင်းဆိုလိမ့်မည်။ Phishing အီးမေးလ်များတွင်ဖွင့်သောအခါ သင့်ကွန်ပျူတာပေါ်တွင်အန္တရာယ်ရှိသော software ထည့်သွင်းသည့်ပူးတွဲဖိုင်များပါ၀င်နိုင်သည်။

သင်လက်ခံရရှိသည့်သတင်းမှန်ကန်ရဲ့လား ဆိုတာနှင့်ပတ်သတ်၍ သို့မဟုတ် မည်သို့လုပ်ဆောင်ရမည်ဆိုတာကို သေချာမသိပါက ဖြစ်နိုင်ခြေအခြေအနေအားထပ်မံရှာဖွေတွေ့ရှိရန် သို့မဟုတ် သင့်အားထောက်ပံ့ပေးမည့် ပြင်ပယုံကြည်စိတ်ချရသောအဖွဲ့အစည်းများနှင့်သတင်းများကို ပိုမိုအသေးစိတ်ခွဲခြမ်းစိတ်ဖြာရန် အတွက်အောက်ပါမေးခွန်းလွှာကိုလမ်းညွှန်ကိရိယာတစ်ခုအဖြစ်အသုံးပြုနိုင်သည်။

သံသယဖြစ်ဖွယ်အီးမေးလ်တစ်စောင်လက်ခံခြင်းသည်သင်၏အကောင့်ကိုထိခိုက်စေသည်ဟုမဆိုလိုပါ။ အီးမေးလ်တစ်ခု သို့မဟုတ် စာတစ်စောင်ကိုသံသယဖြစ်ဖွယ်ဟုသင်ထင်လျှင်မဖွင့်ပါနှင့်။ အီးမေးလ်ကိုစာမပြန်ပါနှင့် မည်သည့်လင့်ခ်ကိုမဆို နှိပ်၍ မည်သည့်ပူးတွဲဖိုင်ကိုမျှ ဒေါင်းလုပ်မလုပ်ပါနှင့်။