ကျွန်ုပ်၏စက်ကိရိယာပေါ်တွင် မသင်္ကာဖွေရာ လှုပ်ရှားမှုများ ဖြစ်နေပါသည်

သူခိုးဆော့ဝဲများမှ တိုက်ခိုက်မှုများသည် နှစ်ပေါင်းများစွာအတွင်း ခေတ်အလိုက် တိုးတက်ပြောင်းလဲပြီး ဆန်းပြားလာပါသည်။ ဤတိုက်ခိုက်မှုများသည် သင်၏ ပုဂ္ဂိုလ်ရေး နှင့် အဖွဲ့အစည်းဆိုင်ရာ တည်ဆောက်ပုံ နှင့် ဒေတာတို့အပေါ် ခြိမ်းခြောက်မှု နှင့် ဆိုးကျိုးများမျိုးစုံ သက်ရောက်စေနိုင်ပါသည်။

သူခိုးဆော့ဝဲများမှ တိုက်ခိုက်မှုများသည် ဗိုင်းရပ်စ်များ၊ ပုဂ္ဂိုလ်ရေးအချက်အလက်များ သို့မဟုတ် ပိုက်ဆံကို မလိုလားအပ်စွာ တောင်းဆိုခံရခြင်းများ (phishing, ransomware)၊ တရားဝင်ဆော့ဝဲဖြင့် အယောင်ဆောင်ခြင်းများ (Trojans)၊ စက်အား ပြန်ပေးဆွဲခြင်းများ (rootkits) စသည့်ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွားတတ်ပါသည်။ ခြိမ်းခြောက်မှုအချို့မှာ ကွန်ပျူတာများ ပျက်ကွက်ခြင်း၊ ဒေတာခိုးယူခြင်း (ဆိုလိုသည်မှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကောင့်အချက်အလက်များ၊ ငွေပိုင်းဆိုင်ရာအချက်အလက်များ၊ ဘဏ်အကောင့်အချက်အလက်များ)၊ တိုက်ခိုက်သူမှ သင့်စက်ကိရိယာကို ထိန်းချုပ်ကာ ရွေးနိုတ်ဖိုးတောင်းဆိုခြင်း သို့မဟုတ် DDoS တိုက်ခိုက်မှုများ ပြုလုပ်ခြင်းတို့ဖြစ်ပါသည်။

သင် နှင့် သင့်စက်ကိရိယာများ ကို အနှောက်အယှက်ဖြစ်စေရန် တိုက်ခိုက်သူများအသုံးပြုလေ့ရှိသော နည်းလမ်းအချို့မှာ ပုံမှန် လုပ်ဆောင်မှုများနှင့် တူပါသည် -

  • အီးမေးထဲရှိ ပူးတွဲဖိုင် သို့မဟုတ် လူမှုကွန်ယက်ပို့စ်ပေါ်ရှိ လင့်ခ်တစ်ခုအား သွေးဆောင်၍ သင် နှိပ်ဖွင့်စေရန်

  • မယုံကြည်ရသောနေရာမှ ဆော့ဝဲတစ်ခုကို အားပေး၍ ဒေါင်းလုပ်တင်သွင်း စေရန်

  • တရားဝင်အနေအယောင်ဆောင်သော ဝဘ်ဆိုဒ်တစ်ခုပေါ်၌ သင့် အကောင့်အမည် နှင့် စကားဝှက် အားရိုက်ထည့်စေရန်

Digital First Aid Kit ၏ ဤအပိုင်းသည် သင့် စက်ကိရိယာသည် တိုက်ခိုက်မှုခံခြင်းရှိမရှိကို သိရှိစေရန် သင်မှ လိုက်လုပ်နိုင်သော အခြေခံအဆင့်အချို့တို့ကို ဖေါ်ပြသွားပါမည်။

သင့်ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းလ်စက်အား သင်မှ တိုက်ခိုက်ခံခြင်း သံသယ ရှိခဲ့လျှင် လက္ခဏာတွေကို သင်အရင်စဥ်းစားသင့်ပါသည်။

စက်ကိရိယာ၏ သံသယဖြစ်ဖွယ်နေသော လှုပ်ရှားမှုအဖြစ် သတ်မှတ်နိုင်သော်လည်း များသောအားဖြင့်စိတ်ပူစရာမလိုသည့် လက္ခဏာများသည် -

  • ဖုန်းခေါ်ဆိုနေတုန်း နှိပ်သံများ
  • မမျှော်လင့်ဘဲ ဘက်ထရီ ကုန်ဆုံးခြင်း
  • စက်အား အသုံးမပြုဘဲ စက်အလွန်ပူနေခြင်း
  • စက်အား နှေးစွာ လည်ပတ်နေခြင်း

ဤလက္ခဏာများသည် စိုးရိမ်းဖွယ်ရာ လှုပ်ရှားမှုအနေဖြင့် မှားပြီးအထင်ယူလေ့ရှိသည်။ သို့သော် လက္ခဏာတစ်ခုသာ ဖြစ်ခဲ့လျှင် စိုးရိမ်းဖွယ်ရာ အကြောင်းသိပ်မရှိပါ။

တိုက်ခိုက်ခံရသော စက်ကိရိယာ၏ ဖြစ်လေ့ရှိသော လက္ခဏာများမှာ -

  • စက်ကိရိယာမှ မကြာခဏ သူ့ဟာသူ ပိတ်ပြီးပြန်ဖွင့်ခြင်း
  • အပ္ပလီကေးရှင်းများ ပျက်ကွက်ခြင်း၊​ အထူးသဖြင့် စက်ထဲသွင်းသော လုပ်ဆောင်ချက်/ တောင်းဆိုချက်များ
  • လည်ပတ်မှုစနစ် (operating system) ၏ အပ်ဒတ်များ နှင့်/သို့ လုံခြုံရေး ပြင်ဆင်မှုများ တင်သွားမှု ထပ်ခါထပ်ခါ မအောင်မြင်ခြင်း
  • စက်ကင်မရာမသုံးစွဲသောလည်း ကင်မရာသုံးစွဲနေသည်ဟု အညွှန်းမီးလင်းနေခြင်း
  • ထပ်ခါတလဲလဲ “အပြာရောင် ပျက်ကွက်မှု စကင်ရင်” သို့မဟုတ် စက်ပျက်ကွက်မှုစာများ ပေါ်ခြင်း (kernel panics)
  • စကင်ရင်မှ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေခြင်း
  • ဗိုင်းရပ်စ်နှိမ်နင်းရေး သတိပေးချက်များ ပေးခြင်း