My Website is down, what is going on?
အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ လွတ်လပ်သော မီဒီယာများနှင့် ဘလော့ဂါများအနေနဲ့ သူတို့၏ အသံများကို ပိတ်စေနိုင်တဲ့ ခြိမ်းခြောက်မှုတစ်ရပ်ကတော့ သူတို့၏ အင်တာနက်စာမျက်နှာများကို ဖြုတ်ချခြင်း (သို့) တိုက်ခိုက်ရယူခြင်း ဖြစ်ပါတယ်။ ဒါက စိတ်ရှုပ်စရာပြဿနာတစ်ခု ဖြစ်ပီး ဆိုးရွားလှတဲ့ ဝဘ်ဆိုဒ် ပြုပြင်ထိန်းသိမ်းရမှုပြဿနာ၊ မတည်ငြိမ်တဲ့ hosting ဝန်ဆောင်မှုပြဿနာ ၊ script-kiddies ၊ DoS Attack လို့ လူသိများတဲ့ အစုအပြုံတိုက်ခိုက်မှု (သို့) ဝဘ်ဆိုဒ် အပိုင်စီးမှု စသည်တို့ကို ဖြစ်စေနိုင်ပါတယ်။ Digital First Aid Kit ရဲ့ ယခုအခန်းမှာ My Website is Down မှ အချက်အလက်များကို အသုံးချပီး ဖြစ်နိုင်ချေရှိသော ပြဿနာများကို ဖြေရှင်းရန် အခြေခံအချက်တချို့ ကို သင့်အား ကူညီပြသပေးသွားမှာပါ။
သင့်ရဲ့ ဝဘ်ဆိုဒ်စာမျက်နှာ ကျသွားခြင်း ရဲ့ နောက်ကွယ်မှာ အကြောင်းတရားများစွာရှိတယ်ဆိုတာကို သိရှိနားလည်ဖို့ အရေးကြီးပါတယ်။ ဝဘ်ဆိုဒ် စာမျက်နှာကို တာဝန်ခံလွှင့်တင်ပေးထားတဲ့ ကုမ္မဏီ ရဲ့ နည်းပညာပြဿနာများကြောင့် ဖြစ်နိုင်သလို Joomla သို့မဟုတ် Wordpress ကဲ့သို့ စီမံခန့်ခွဲမှု စနစ် (CSM)များ update မဖြစ်ခြင်းကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ပြဿနာအကြောင်းရင်းနှင့် သင့်ဝဘ်ဆိုဒ်စာမျက်နှာ ရဲ့ ပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေရန်မှာ ခက်ခဲ ရှုပ်ထွေးနိုင်ပါတယ်။ ဒါ့အတွက် အကောင်းဆုံးအလေ့အကျင့် ကတော့ အောက်မှာ ဖော်ပြထားတဲ့ အဖြစ်များတဲ့ ပြဿနာရပ်များအတိုင်း စမ်းသပ်လေ့လာကြည့်ပီးလျှင် သင်၏ ဝဘ်ဆိုဒ်ထိန်းသိမ်းသူ(webmaster) နှင့် ဝဘ်ဆိုဒ်လွှင့်တင်သူ(host)တို့ကို ဆက်သွယ်ရန် ဖြစ်သည်။ အကယ်၍ အောက်မှာ ဖော်ပြထားသည့်အချက်များထဲမှ မည်သည့်အချက်နှင့်မျှ ကိုက်ညီခြင်းမရှိပါက စိတ်ချယုံကြည်ရသောအဖွဲ့အစည်းထံမှ အကူအညီတောင်းခံပါ
Consider
ကနဦးအနေနဲ့ ဆုံးဖြတ်ရမည့်အရာများ
မည်သူက သင်၏ ဝဘ်ဆိုဒ်ကို တည်ဆောက်ပေးခဲ့ပါသလဲ။ သူတို့ဆီကနေ အကူအညီတောင်းနိုင်မလား။
Wordpress သို့မဟုတ် အခြား နာမည်ကြီး ဝဘ်ဆိုဒ်စီမံခန့်ခွဲမှုစနစ် (CMS) ပလက်ဖောင်းပေါ်တွင် ဝဘ်ဆိုဒ် ကို တည်ဆောက်ထားခြင်းဖြစ်ပါသလား။
သင်၏ ဝဘ်ဆိုဒ် hosting provider က မည်သူပါလဲ? သင့်အနေနဲ့ မသိရှိပါက WHOIS online service ကို အသုံးပြု၍ ရှာဖွေနိုင်ပါသည်။